အပိုင်း ( ၂၁ ) ( Unicode )

2.6K 378 18
                                    

ကျောင်းမွေးနေ့ပွဲမစခင် နှစ်ရက်အလိုဖြစ်သည်။

ကျောင်းသားကျောင်းသူများ တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် မုန့်စားကတ်လိုက်ရောင်းနေကြသည်မှာ အမှန်ကို ပျော်စရာကောင်းလှသည်။

‌‌မိမိတို့မေဂျာ၏ အထူးတလည်ပြုလုပ်ထားသည့်မုန့်များအား တခြားမေဂျာများမှ ဝယ်စားစေရန်အလို့ငှာ စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်နေကြသည်။

ထိုပျော်ပွဲရွှင်ပွဲအတွက် ကျောင်းသားကျောင်းသူများတင်မက ဆရာ ဆရာမများကပါ တစ်တပ်တစ်အားပါဝင်ဆင်နွှဲနေကြသည်။

လေးဆက်တို့လည်း အခန်းထဲမှာ ထိုင်နေလျက်နဲ့ကို မုန့်လာရောင်းသည့်ဂျူနီယာညီ ညီမများထံမှ လက်မလည်အောင် ဝယ်ယူနေရသည်။

အဆိုးဆုံးကတော့ အစားသမား မေမြတ်ဖြစ်သည်။ သူက သူ့အတွက်တင်မက ကျောင်းမွေးနေ့ပွဲကို လာမည့်ဥဥအတွက်ပါ နှစ်ယောက်စာ ဝယ်နေရခြင်းဖြစ်သည်။ မြတ်သူက‌လည်း သူ့ကလေး ကြိုက်လောက်မည့် မုန့်များအား သေချာ ရွေးဝယ်နေသည်။

လေးဆက်ကတော့ အခုလောလောဆယ် အင်္ဂလိပ်မေဂျာက လာရောင်းသည့် အအေးနှင့် ဟမ်ဘာဂါကိုတော့ ဝယ်ထားပြီးပြီ။ နဂိုကတည်းက အစားအသောက်နည်းသည့်လူမို့ များများစားစားဝယ်လည်း စားဖြစ်မည်မထင်။

သို့သော်ငြား ရုရှားမေဂျာက ရောင်းမည့်မုန့်ကိုတော့ ဝယ်စားရမည်လေ။ ကိုယ့်မေဂျာက စီစဉ်သည့် အစားအစာကိုတော့ သေချာပေါက် ဝယ်စားရပေလိမ့်မည်။ သို့သော် ရုရှားမေဂျာက ကလေးတွေက ယခုထိ သူတို့အင်္ဂလိပ်ဒီပလိုမာအခန်းထဲ မုန့်လာမရောင်းသေးသဖြင့် မဝယ်ရသေးပေ။

ရုရှားမေဂျာက ရောင်းချမည့်အစားအစာမှာ နှစ်စဉ်ရောင်းနေကျဖြစ်သည့် ရေခဲမုန့်ဟု သတင်းသဲ့သဲ့ကြားနေရသည်။ လေးဆက်တို့ ပထမနှစ်စတက်ကတည်းက သူတို့ရုရှားမေဂျာက အမြဲတမ်းနီးပါး ရေခဲမုန့်ပဲ ရောင်းတတ်သည်လေ။ 

ဘာပဲရောင်းရောင်း ‌ရုရှားမေဂျာဖြင့် ဘွဲ့ရလာသည့်လေးဆက်တို့ကတော့ မေဂျာအပေါ် သစ္စာရှိရှိဖြင့် ဝယ်စားရမည်သာ။ ကြိုက်တာ မကြိုက်တာကတော့ တစ်ပိုင်းပေါ့လေ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now