အပိုင်း ( ၆၅ ) ( Zawgyi )

1K 70 10
                                    

မြန်မာစကားပုံတစ်ခုရှိသည်။

အချိန်နှင့် ဒီရေသည် လူကို မစောင့်တဲ့။

ထိုစကားပုံသည် သူ့အတွက်တော့ သိပ်ကိုမှန်ကန်လွန်းလှသည်။

သဘာဝအတိုင်း တရွေ့ရွေ့ကုန်ဆုံးသွားသော အချိန်များကို လိုက်ဖမ်း၍လည်း မရသလို ပြန်လိုချင်၍လည်း မဖြစ်နိုင်ပေ။

ထိုအခါ ဤကဲ့သို့ကုန်ဆုံးသွားသော အချိန်များသည် နောင် ဘယ်တော့မှ ပြန်မရနိုင်တော့သည့် အတိတ်ကာလ၏အပိုင်းအစများဖြစ်သွား‌သည်။

ထို့အတူပင် နှစ်ရက်ဆိုသော အချိန်ကာလအတိုင်းအတာသည်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မြူခိုးမြူငွေ့များကဲ့သို့ ဖျတ်ခနဲ ကုန်ဆုံးပျောက်ကွယ်သွားခဲ့လေပြီ။

ရှင်တော်မြတ်ဘုရားထံပါး၌ မည်မျှပင် ဆုတောင်းနေပါစေ၊ မည်မျှပင် အသည်းခိုက်လုမတတ် ကြောက်ရွံ့နေပါစေ အချိန်သည်ကား အဘယ်တစ်ဦးတစ်ယောက်၏လွှမ်းမိုးမှုကိုမှ ငြိမ်မခံဘဲ သူ့အလုပ်တာဝန်ဝတ္တရားအား မပျက်မကွက် လုပ်မြဲ၊ လုပ်ဆဲ ... ။

လူ့အလို နတ်မလိုက်နိုင်သကဲ့သို့ သူ့အလိုကိုလည်း အချိန်က မလိုက်လျောပေးနိုင်။

ယခုအချိန်ကား ဒီဇင်ဘာလ ၃၀ရက်နေ့ ညဥ့်နက်သန်းခေါင်ယံဖြစ်သည်။

ဘာလိုလိုနဲ့ မနက်ဖြန်ဆိုလျှင် သူ အကြောက်ရဆုံးနေ့တစ်နေ့ကို ရောက်လာတော့မည်။

ထိုရက်ကား ဒီဇင်ဘာလ ၃၁ ရက်နေ့ ... ။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် နှစ်တစ်နှစ်၏နောက်ဆုံးနေ့ ... ။

သူ့အတွက် ကံဆိုးမိုးမှောင်ကျမှုများကိုသာ အစဉ်အမြဲဆောင်ကြဉ်းပေးသည့် နေ့ ... ။

သူ့အချစ်ဆုံးသူငယ်ချင်းအား သူ့ဘဝထဲမှ အပြီးအပိုင်ဆွဲထုတ်သွားသည့် နေ့ ... ။

ယခုတော့ မကြာမီအချိန်အတွင်းမှာပင် ထိုနေ့ရက်အတွက် ဂုဏ်ပုဒ်တစ်ခုထပ်တိုးလာပေတော့မည်။

နှလုံးသား၏အလိုကို စွန့်လွှတ်မည့် နေ့ ... ။

“ ဟက် ! ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Unde poveștirile trăiesc. Descoperă acum