အပိုင်း ( ၄၁ ) ( Unicode )

2.5K 336 23
                                    

ဆောင်းရာသီဝင်စအခါသမယဖြစ်၍ ကောင်းကင်ပြင်တစ်ခွင်လုံး မိုးလေကင်းလွတ်ကာ ကြည်လင်နေ၏။ ကြယ်တာရာအစုအဝေးတို့ကလည်း ပြိုးပြိုးပြက်ပြက် လင်းလက်နေပြီး ညအလှသဘာဝကို ဖော်ကျူးနေကြသည်။

အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားသလို ရထားကြီးကလည်း ဘူတာတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်သွားသည်။ ပြတင်းပေါက်မှ ဖြတ်ကျော်တိုက်ခတ်လာသည့် လေပြည်များကလည်း ငြိမ့်ငြိမ့်ညောင်းညောင်းတိုက်ခတ်နေဆဲပင်။

ထို့နည်းတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကိုကို့ကို ငေးကြည့်နေသည့် သူ့ရဲ့ချစ်ခြင်းမေတ္တာရေစီးကြောင်းကလည်း နည်းနည်းလေးမှ အရှိန်မလျော့ခဲ့ပေ။

သူ့အဖြစ်ကို တခြားလူတွေသာမြင်ရင် လူတစ်ယောက်တည်းကို တစ်ချိန်လုံးစိုက်ကြည့်နေရတာ မငြီးငွေ့ဘူးလားဟုထင်မှတ်ဖွယ်ရာရှိ‌‌သော်လည်း အမှန်စင်စစ် အခုလိုမျိုး စိတ်တိုင်းကျကြည့်နေခွင့်လေးရ‌တာကိုက ‌သူ့အတွက် နိဗ္မာန်ဘုံဖြစ်နေခဲ့သည်ဆိုတာကို ထိုလူတို့ သိကြမည်မဟုတ်ပေ။

ည ၁၂နာရီကျော်ခန့် ဘူတာတစ်ခု၌ ရထားကြီး ခေတ္တခဏဆိုက်ရောက်ခါနီးအချိန်တွင် ရထားတွဲရှိ လူများအားလုံးနီးပါး လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။

ရထားဆိုက်ရောက်သည်နှင့်တစ်ပြိုက်နက် ဘူတာရုံရှိ ဈေးသည်များကလည်း ရထားပေါ် အလုအယက်ပြေးတက်လာကြသည်။

တချို့က ရထားတွဲ တစ်ခုပြီးတစ်ခု ကူးလူးဖြတ်သန်းကာ အသံကျယ်ကျယ်နှင့်ဈေးရောင်းနေကြသလို တချို့ကလည်း ရထားပြတင်းပေါက်ကနေ အလုအယက်ရောင်းဝယ်‌ဖောက်ကားနေကြသည်။

ရထားတွင်း အလွန်အမင်းစည်ကားသိုက်မြိုက်နေသလောက် ဈာန်ရောင်ခကတော့ ထိုဆူဆူညံညံအသံတွေကြောင့် ကိုကို နိုးသွားမှာကို အင်မတန်စိုးရိမ်နေမိသည်။ သူ့ရဲ့ကြောင်ပေါက်စလေးက အိပ်ရေးမဝရင် စိတ်မကြည်တတ်ဘူးလေ။

ထိုစဉ် တစ်ဖက်ထိုင်ခုံတွဲဆီမှ

“ လေးဆက် ! လေးဆက် ! ”

အစ်မမေမြတ်ရဲ့စူးရှရှအော်ခေါ်သံကို ကြားလိုက်ရသောကြောင့် ကိုကို့နားကို အလျင်စလို လက်ဖြင့် အုပ်ထားမိလိုက်သည်။ ထို့နောက် အစ်မမေမြတ်အား အသံတိုးတိုးဖြင့်

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now