အပိုင်း ( ၃၂ ) ( Unicode )

2.6K 337 21
                                    

တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည့် ညသန်းခေါင်ယံအချိန် ... ။

မြို့ပြဖြစ်သည့်အလျှောက် ဘယ်လောက်ပဲညဥ့်နက်နေပါစေ လမ်းမထက်၌ လူသူအလုံးစုံကင်းရှင်းသွားသည်ဟူ၍မရှိပေ။

Night Out ထွက်သည့်လူများကြောင့် တချို့နေရာများတွင် နေ့လယ်နေ့ခင်းများထက်‌တောင် ပို၍ပင် စည်ကားသိုက်မြိုက်နေကြသည်။

ထိုစဉ် ပြည်လမ်းမထက်၌ ခပ်ဖြည်းဖြည်းမောင်းနှင်လာသော နက်ပြာရောင်ကားတစ်စီး ... ။

ဝှေ့ခနဲ တိုက်ခတ်လာသော ညလေပြည်‌လေအေးနှင့်အတူ ကားထဲမှ လွင့်ပျံ့လာသော တိုးဖွညင်သာသည့်သီချင်းသံက လေထုကို ဖောက်ထွင်းကာ သာယာညိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။

“ I still hear your voice when you sleep next to me ...
ကိုယ့်ရဲ့ဘေးနားမှာ မင်း အိပ်ပျော်နေတာတောင် ကိုယ် မင်းရဲ့အသံလေးကို ကြားယောင်နေမိတုန်းပဲ ... ”

“ I still feel your touch in my dreams ...
ကိုယ့်ရဲ့အိပ်မက်တွေထဲမှာတောင် မင်းရဲ့အထိအတွေ့ကို ကိုယ် ခံစားနေမိတုန်းပဲ ... ”

“ Forgive me my weakness ...
ကိုယ့်ရဲ့အားနည်းချက်တွေကို မင်း ခွင့်လွှတ်ပေးပါ ... ”

“ But I don't know why ...
ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ ကိုယ် မသိဘူး ... ”

“ Without you, it's hard to survive ...
မင်းသာ မရှိဘူးဆိုရင် ကိုယ် ဆက်ပြီးအသက်ရှင်သန်နိုင်ဖို့ ခက်ခဲလိမ့်မယ် ... ”

ဈာန်ရောင်ခတစ်ယောက် ကားကို အာရုံစိုက်ကာ မောင်းနှင်နေရင်း ဘေးခုံမှာ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသည့်လူအား ချစ်မြတ်နိုးစွာဖြင့် လှမ်းကြည့်မိသည်။

“ Cause everytime we touch, I get this feeling ...
ဘာလို့လဲဆိုတော့ ကိုယ်တို့နှစ်ယောက် ထိတွေ့လိုက်တဲ့အချိန်တိုင်း ကိုယ် ဒီလိုခံစားချက်မျိုးကို ရတယ် ... ”

“ Everytime we kiss, I swear I could fly ...
ကိုယ်တို့နှစ်ယောက် နမ်းရှိုက်ကြတဲ့အချိန်တိုင်းမှာလည်း ကိုယ် ပျံသန်းနေရသလိုပဲဆိုတာ ကျိန်ပြောရဲတယ် ... ”

“ Can't you feel my heart beat fast ...
ကိုယ့်နှလုံးခုန်သံတွေ အရမ်းမြန်ဆန်နေတာကို မင်း မခံစားမိဘူးလား ... ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now