အပိုင်း ( ၂၂ ) ( Unicode )

2.5K 339 23
                                    

အချိန်တွေ တစ်ရက်ပြီး တစ်ရက်ကုန်လွန်လာခဲ့သည်။

အေးမြတဲ့ဒီဇင်ဘာလကနေ စတင်လာခဲ့သည့် ခံစားချက်အရှုပ်အထွေးကြီးက ပူပြင်းသည့်ဖေဖော်ဝါရီလထိတိုင် မပျောက်ပြယ်သွားသေး။

မသိရင် အရာရာတိုင်းဟာ ပုံမှန်အတိုင်းနေသားကျနေသလိုပင်။

တကယ်တော့ မတူတော့ဘူး ... အရာအားလုံးက တဖြည်းဖြည်းပြောင်းလဲနေပြီ ...

ခံစားချက်တွေရော ... အပြုအမူတွေရောက တစ်ဆင့်ချင်းစီ ... တစ်လှမ်းချင်းစီ ...

ထိန်းချုပ်မရတဲ့နှလုံးသားကိုပဲ အပြစ်တင်ရမလား ...

မသိချင်ယောင်ဆောင်နေလို့မရတဲ့ အသိစိတ်ကိုပဲ မေးခွန်းထုတ်ရမလား ...

ရှုပ်ထွေးမှုတွေကို အတတ်နိုင်ဆုံး ရှင်းထုတ်ပစ်ချင်ပေမဲ့ အဲဒီရှုပ်ထွေးမှုကပဲ လူတစ်ကိုယ်လုံးကို ရစ်ပတ်ဝါးမြိုနေတာ ...

ခံရခက်တယ် ... နေရခက်တယ် ...

ကြုံဖူးကြလား ...

ဘယ်လောက်ပဲ သေလုမတတ်ကြိုးစားခဲ့ပါစေ လိုချင်တဲ့အကျိုးဆက်ကို ရမလာဘဲ ကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်သွားသလိုမျိုး ...

ဘယ်လောက်ပဲ နှင်ထုတ်နေပါစေ တဖြည်းဖြည်းချင်းနီးစပ်လာတဲ့နှလုံးသားကို ယူကြုံးမရဖြစ်စွာနဲ့ ဒီတိုင်းလက်ပိုက်ကြည့်နေရတဲ့အဖြစ်မျိုး ...

အချိန်တွေကြာလာလေ နားလည်မှုတွေ တိုးပွားလာလေ ...

ပိုနီးစပ်လာလေ သံယောဇဉ်ကြိုးတွေ ပိုတင်းလာလေ ...

မဖြစ်သင့်တော့ဘူး ဈာန်ရယ် ...

ဒီလိုမပြတ်မသားအခြေအနေမျိုးမှာ ငါ တကယ် မရပ်တည်နိုင်တော့ဘူး ...

မင်းလည်း နာကျင်ရသလို တစ်ဖက်မှာ ငါလည်း ကြေကွဲရတယ် ...

မင်း သူ့ကို ကျော်လို့မရဘူး ...

နှစ်ပေါင်းများစွာ ငါ့နှလုံးသားမျက်နှာပြင်ထက်မှာ အခြေခိုင်ခိုင်ကျောက်ချလာတဲ့သူ့ကို မင်း ဘယ်လိုမှ ကျော်လို့မရဘူး ကလေးရယ် ...

အဲဒါကြောင့်လည်း သူနဲ့ယှဉ်လိုက်ရင် မင်းက ငါ့ရဲ့ပထမဦးစားပေး ဘယ်တော့မှ မဖြစ်နိုင်ဘူး ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now