အပိုင်း ( ၅၅ ) ( Unicode )

1.9K 248 31
                                    

ကိုကို့ဒဏ်ရာများကို တွေ့ခဲ့ရသည့်နောက်ပိုင်းမှစ၍ ခန့်မဟော်ဆိုသည့်အမည်က သူ့စိတ်ထဲ မှတ်ကျောက်တင်ထားသကဲ့သို့ စွဲထင်နေခဲ့သည်။

ငွေပေးရင် ဘာမဆိုလုပ်လို့ရသော လောကကြီးထဲမှာ ဒယ်ဒီက ငွေအထုတ်လိုက် ပုံပေးထားသည့် ဈာန်ရောင်ခအဖို့ လူတစ်ယောက်အကြောင်းကို စုံစမ်းဖို့ဆိုတာ အရမ်းကိုလွယ်ကူလွန်းသည်။ ပိုက်ဆံပိုပေးလေ ပိုပြီးအသေးစိတ်သိရလေဖြစ်သည်။

လောကမှာ ငွေက ဒုတိယဘုရားသခင်လို့ဆိုကြပေမဲ့ ဈာန်ရောင်ခအတွက်တော့ ငွေက လက်အောက်ငယ်သားသာသာပင်။

သူ ဆန္ဒရှိသမျှ အရာအားလုံးကို လိုက်ဖြည့်ဆည်းပေးနိုင်သည့် ချစ်စဖွယ်လက်အောက်ငယ်သားလေး ... ။

ချွင်းချက်အနေနဲ့ လေးဆက်ရိပ်သွင်ဆိုသည့်လူကလွဲရင်ပေါ့။

ဖန်ခွက်ထဲရှိ ဘီယာကို မော့သောက်လိုက်တော့ ဘေးနားမှာထိုင်နေသည့် လရောင်က လှမ်းတားသည်။

“ ဈာန် သိပ်မသောက်နဲ့ ... မင်း ဒီကို သောက်ဖို့လာတာ မဟုတ်ဘူးမလား ... ပြီးတော့ ဒီဆိုင်က ငါတို့ လာနေကျမဟုတ်ဘူးဆိုတာကို သတိရဦး ”

လရောင်ရဲ့သတိပေးစကားကြောင့် သူ ဘီယာခွက်ကို စားပွဲပေါ်ပြန်တင်လိုက်သည်။ 

ဘယ်ဘားပဲဖြစ်ဖြစ်၊ ဘယ်ကလပ်ပဲဖြစ်ဖြစ် သူ သွားတိုင်း အမြဲ စိတ်မချစွာ အဖော်အ‌ဖြစ် လိုက်လာပေးတတ်သူက လရောင်ဖြစ်သည်။

နေ့သစ်ကမူ ဒီလိုနေရာမျိုးနှင့် သိပ်ကီးမကိုက်ပေ။ လူများရင် ခေါင်းနောက်တယ်ဆိုသည့်အကြောင်းပြချက်ဖြင့် အမြဲတမ်းချန်ချန်နေခဲ့သည်။

ဈာန်ရောင်ခကလည်း ငယ်ငယ်လေးကတည်းပေါင်းလာသည့် သူငယ်ချင်းအကြောင်း သေသေချာချာသိနေသည့်အတွက် သိပ်မခေါ်ဖြစ်။

ညဉ့်နက်နေပြီဖြစ်သောကြောင့် ဒီဘား၌လည်း အတော်အတန် လူစည်ကားနေပြီဖြစ်သည်။ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက်

“ ဈာန် ... ဟိုဘက်ကို ကြည့်လိုက် ... ”

လရောင် ညွှန်ပြသည့်နေရာကို ကြည့်လိုက်တော့ ယခုမှ ဘားထဲသို့ဝင်လာသည့် လူတစ်စု ... ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now