Author's Note

1.2K 147 26
                                    

ဒီအပိုင်းမှာ ဘာအကြောင်း‌ပြောမလဲဆိုတော့ ဈာန့်အကြောင်းပါပဲ။

အပိုင်း (၅၇) မှာပါသလိုပဲ။ လေးဆက်ကို ဆေးရုံမှာ သွားတွေ့ပြီးနောက်ပိုင်း ဈာန်က စာဘက်ကို ပိုအာရုံစိုက်ပြီး ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဈာန်က သူ့ဒယ်ဒီနဲ့ အတိုက်အခံလုပ်ပြီး နိုင်ငံခြားမှာ ကျောင်းသွားမတက်ဘဲ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ရုရှားမေဂျာကို ရအောင် တက်ခဲ့တာပါ။

ဈာန် ပထမနှစ်တက်တဲ့အချိန်မှာ လေးဆက်က တတိယနှစ်ရောက်နေပြီ။ အသက်ကွာခြားချက်က နှစ်နှစ်ကိုး။

များသောအားဖြင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပထမနှစ်လေးတွေအတွက် ကြိုဆိုပွဲတွေကို ဖိုင်နယ်တွေကပဲ အဓိကဦးစီးပေးရတဲ့အတွက် ဈာန်တို့လိုပထမနှစ်လေးတွေကို တတိယနှစ်ဖြစ်တဲ့လေးဆက်က သတိမထားမိဘူး။

လေးဆက်က အရမ်းသတိလက်လွတ်နေမိတာလည်း ပါတာပေါ့။ သူ့ကို တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်ဆိုတာကိုတောင် သူ လုံးဝမသိခဲ့ဘူး။

ဒါဆိုရင် တာရာလင်းကိုကျ လေးဆက်က ဘာလို့မှတ်မိနေရတာလဲ ?

တာရာလင်းက ဈာန့်ထက် တစ်နှစ်ငယ်ပြီး လေးဆက်ထက် သုံးနှစ်ငယ်ပါတယ်။

ပြောရရင် တာရာလင်းတို့ ပထမနှစ်တက်တဲ့အချိန်မှာ လေးဆက်က ဖိုင်နယ်ဖြစ်နေတဲ့အတွက် တာရာလင်းတို့အတွက် ကြိုဆိုပွဲကို စီစဉ်ပေးခဲ့ရလို့ သိနေတာပါ။

အမှန်တော့ အစပိုင်းမှာ ဈာန်က သူ့ကိုကို ဖိုင်နယ်ရောက်ရင် လိုက်ပိုးပမ်းဖို့ကြံစည်ထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုကိုက ဘွဲ့ရပြီးတာနဲ့ ရွာကို အပြီးပြန်လိမ့်မယ်ဆိုတာကို ကြို‌သိနေလို့ပါ။

ဒါပေမဲ့ လေးဆက် ဖိုင်နယ်တက်နေစဉ်အတွင်းမှာပဲ ဘွဲ့ရပြီးရင် English Diploma ထပ်တက်ဖို့အကြောင်းအရာက ပေါ်လာပါတယ်။ အဲဒီအကြောင်းကို ဈာန်က သူ့စပိုင်နှစ်ယောက်စီကနေ ကြားသိပြီး အစီအစဉ်ကို နောက်ရွေ့ပစ်လိုက်တာပါ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now