အပိုင်း ( ၅၇ ) ( Unicode )

2.1K 245 22
                                    

ဖြစ်တည်မှုလေးတစ်ခုက‌နေ အစပြုခဲ့တဲ့ချစ်ခြင်းမေတ္တာတွေ ... ။

အဲဒီဖြစ်တည်မှုလေးကြောင့်ပဲ တစ်ချိန်လုံးအေးစက်နေတဲ့ ငါ့ရဲ့နှလုံးသားလေးက နွေးထွေးခဲ့ရတယ်။

သက်ဆိုင်သူက မသိပေမဲ့လည်း ငါကတော့ သိနေခဲ့တယ်။

ငါ့ဘက်က စတင်ခဲ့တဲ့ မေတ္တာတရားတွေကိုး။

ငါ့ဘက်က တစ်ဖက်သတ်ပေးခဲ့တဲ့ အချစ်တွေကိုး။

မြင်မြင်ချင်း စသတိထားမိခဲ့တာလည်း ငါ တစ်ယောက်တည်း ... ။

ချစ်မြတ်နိုးမိသွားခဲ့တာလည်း ငါ တစ်ယောက်တည်း ... ။

နာကျင်‌ကြေကွဲခဲ့ရတာလည်း ငါ တစ်ယောက်တည်း ... ။

ဝမ်းနည်းပူ‌ဆွေးခဲ့ရတာလည်း ငါ တစ်ယောက်တည်း ... ။

အဲဒီလူရဲ့ဂရုစိုက်မှုကို မရခဲ့တာလည်း ငါ တစ်ယောက်တည်းပါပဲ။

ဥပေက္ခာတရားတွေက ချိုမြိန်တယ်ဆိုပြီး ဟန်ဆောင်အပြုံးနဲ့ ဒဏ်ရာတွေကို ဖုံးကွယ်ထားမိတယ်။

အဲဒီလူရဲ့အပြုံးတွေကို တွေ့တိုင်း မက်မောမိသလို မျက်ရည်တွေကို တွေ့တိုင်းလည်း ရင်နာမိပြန်တာပဲ။

အဲဒီလူရဲ့အပြုံးတွေက ငါ့ကြောင့်ဖြစ်တည်လာတာမဟုတ်ပေမဲ့ မျက်ရည်တွေကတော့ ငါ့ကြောင့်မှန်း သိနေရတဲ့အခါ နှလုံးသားက ပိုပြီးနာကျင်ရတယ်။

အဲဒီလူရဲ့မဆုံးနိုင်တဲ့မျက်ရည်တွေကို မြင်နေရတိုင်းလည်း ငါ အဲဒီထက်အဆပေါင်းများစွာ သည်းသည်းထန်ထန် ငိုကြွေးမိနေတုန်းပဲ။

သံပတ်ပေးထားတဲ့ အရုပ်လေးတစ်ရုပ်လို လှုပ်ရှားသွားလာနေတဲ့ အဲဒီလူကို မြင်လိုက်တိုင်း ငါ့ရင်မှာ ဖြည်မဆည်နိုင်ဘူး။

အရင်တုန်းက အရမ်းရိုးရှင်းခဲ့တဲ့ အဲဒီလူရဲ့ကမ္ဘာက အခုတော့ ဟန်ဆောင်မှုတွေ အဆမတန်လွှမ်းခြုံထားလေရဲ့။

အပြုံးတွေက အသက်မပါတော့ဘူး။

ရယ်သံတွေက မရွှင်မြူးတော့ဘူး။

အကြည့်တွေက မတောက်ပတော့ဘူး။

အဲဒီလူရဲ့ကမ္ဘာက ရုတ်ခြည်း မှောင်အတိကျသွားသလိုပဲ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now