အပိုင်း ( ၉ ) ( Unicode )

3.1K 442 22
                                    

ကျောင်းစတက်မဲ့ရက်မှာ Junction City ကို လေးဆက်ရောက်နေတာ တစ်‌နာရီနီးပါးရှိသွားပြီ။ မြတ်သူတို့စုံတွဲနှင့်ချိန်းထားသည့်အချိန်က ကိုးနာရီခွဲမှဆိုပေမဲ့ လေးဆက် တမင်သက်သက် အိမ်ကနေ ၈နာရီကတည်းက ထွက်လာခဲ့ခြင်းဖြစ်သည်။

ပြောမရဘူးလေ။ ဟိုကောင်လေးက အိမ်အောက်မှာလာစောင့်ချင်စောင့်နေမှာကိုး။ အဲ့တော့ လေးဆက်ကလည်း လုံ့လဝီရီယကို ရှေ့ထားကာ အိမ်ကနေ စောစောစီးစီးထွက်လာခဲ့လိုက်သည်။

မြတ်သူတို့ကို အကြာကြီးစောင့်နေရတာ အကြောင်းမဟုတ်ဘူး။ ဟိုကောင်လေးနဲ့ မတွေ့ရဖို့က အဓိကပဲ။

“ မလာသေးဘူးလား ... ဒီအတွဲကတော့ ... ”

လေးဆက်တစ်ယောက် နှုတ်ကနေ ကြိုညည်းနေပေမဲ့ နည်းနည်းထပ်စောင့်ရဦးမည်ဆိုတာကိုတော့ သူ့စိတ်ထဲ အလိုလိုသိနှင့်နေပါသည်။ လေးဆက်က အိမ်ကနေ Junction City ကို တိုက်ရိုက်လာပေမဲ့လည်း မြတ်သူကကျ ကျောင်းကိုတစ်ခေါက်အရင်သွားကာ သူ့ကောင်လေးကို သွားခေါ်ရသေးသည်။

သုတက သူ့ဟာသူ လာခဲ့ပါမည်ဆိုလည်း မြတ်သူဆိုတဲ့အဖြစ်သည်း‌ကောင်က စိတ်ချမှာမဟုတ်ပေ။ အဲဒီတော့ သုတကို ကျောင်းမှာအရင်သွားကြိုပြီး နောက်မှ အတူတူ Junction City ကိုလာမည့်ထိုအတွဲကို စောင့်ရင်း လေးဆက်လည်း မထူးစိတ်ပိုက်ကာ Bread Talk မှာ မုန့်စားရင်းထိုင်‌နေလိုက်သည်။

လေးဆက် ဒီကောင်လေးကို ဘာဖြစ်လို့များ အသည်းအသန်ရှောင်နေမိသလဲဆိုတာ ကိုယ့်ကိုယ်ကိုတောင် မသေချာမရေရာပေ။ အမှားလုပ်ထားမိလို့ မျက်နှာချင်းမဆိုင်ရဲတာပဲဖြစ်လောက်မှာပါ။

လေးဆက် လုပ်ခဲ့သည့်အမှားကလည်း သာမန်ယောကျာ်းသားတစ်ယောက်အတွက်‌တောင် ခွင့်လွှတ်နိုင်စရာမရှိချေ။ ဈာန်ရောင်ခလိုမျိုး အခြေကြီးသည့်လူမျိုးအတွက်ဆို ပိုဆိုးရောပေါ့။

“ ဟိတ်ကောင် ! လေးဆက် ”

Bread Talk မှာထိုင်နေရင်း အတွေးတွေထဲ နစ်မျောနေစဉ် မြတ်သူရဲ့ခေါ်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ သုတလွှမ်းကို ပခုံးဖက်ထားကာလာနေသည့် သကောင့်သားကို‌ မြင်လိုက်ရသည်။ မျက်နှာကြီးက မှိုရလာသည့်အတိုင်းပင်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now