
6.4K 132 4
                                    

အချစ်ဆိုတဲ့အရာကို နှလုံးသားနာကျင်မှုအတွက် ကုသရာဆေးအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် အလွမ်းတွေကတော့ နောက်ဆက်တွဲဆိုးကျိုးတွေပဲပေါ့ …

ဒါကိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာကို သိရက်နဲ့တောင် လူသားတွေဟာ အချစ်ကို ယုံစားပြီး အလွမ်းကို ခံယူကြသတဲ့ …

တစ်နေ့နေ့မှာ ဒီအလွမ်းတွေများ လွင့်ပြယ်သွားမလားလို့ မျှော်လင့်ရင်းနဲ့ ရူးသွပ်နေကြတဲ့ လူသားတွေကို မိုက်မဲလိုက်တာလို့ ပြောဖို့ သင့်တော်ပါ့မလား …

မချိတင်ကဲဖြစ်စွာနဲ့ ရင်ခွင်ထဲမှာ ထွေးပိုက်ထားရတဲ့ အလွမ်းတွေက တကယ်ရော နွေးထွေးမှုပေးနိုင်ပါ့မလား …

ဒီအလွမ်းတွေ ဒီဝေဒနာတွေ ဒီနာကျင်မှုတွေအားလုံး ချုပ်ငြိမ်းသွားမဲ့ နေ့တစ်နေ့ကိုရောက်လာခဲ့ရင် ဆုမွန်ကောင်းတောင်းပေးပါ့မယ် …

ထာဝရ ကြွေလွင့်ခဲ့ကြတဲ့ လွမ်းရိပ်ငွေ့တို့ ဖြစ်ကြပါစေ ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now