အပိုင်း ( ၃၁ ) ( Unicode )

2.4K 347 3
                                    

မီးရောင်စုံအလယ်၌ ကခုန်နေသည့်လူအုပ်စုတွေကြားထဲ တိုးဝင်ကာ ကိုကို့ကို လိုက်ရှာကြည့်‌သော်ငြား ဘယ်နေရာမှာမှ ရှာမတွေ့ပေ။

တစ်နေရာပြီး တစ်နေရာ နှံ့နှံ့စပ်စပ်လိုက်ရှာနေပေမဲ့ အမူးသမားလေးက ထူးထူးဆန်းဆန်းပျောက်ကွယ်နေသည်။

တစ်ခုခုများဖြစ်နေတာလားဆိုသည့်စိုးရိမ်ပူပန်မှုတွေက ချက်ချင်းဆိုသလိုပင် ရင်ဝ၌ ဆောင့်တက်လာသည်။

ထိုစဉ် ဘားကောင်တာ၌ထိုင်ကာ ဝိုင်သောက်နေသည့် အညိုရောင်ဆံပင်ကုတ်ဝဲနှင့် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူ့ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားရသည်။

ဒီအဝတ်အစား၊ ဒီအပြင်အဆင်တွေက ခုနက ကိုကို့ကို ဆွဲခေါ်သွားသည့်ကောင်မလေးနှင့် အလုံးစုံထပ်တူကျနေသည်။

ကောင်မလေးရဲ့အနားကို သူ တဖြည်းဖြည်းချဉ်းကပ်သွားလိုက်တော့ ထိုကောင်မလေးဖြစ်ကြောင်း ပို၍ကျိန်းသေသွားသည်။ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်မိလိုက်တော့ ကိုကိုရဲ့အရိပ်အယောင်တစွန်းတစကိုမှ မတွေ့ရ။

ကိုကို ဘယ်ရောက်သွားတာလဲ ...

လေးဆက်ရိပ်သွင် ... ခင်ဗျား ကျွန်တော့်ကို တော်တော်ဒုက္ခပေးတယ် ...

ခြေလှမ်းတွေက ဝိုင်သောက်နေသည့်ကောင်မလေး၏အနီးဆုံးနေရာအထိ ရောက်ရှိသွားပြီး ပခုံးကို ခပ်ဆတ်ဆတ်ပုတ်လိုက်‌တော့ လှည့်ကြည့်လာသည့် မျက်နှာလေးက ငယ်ရွယ်နုပျိုမှုအပြည့်နှင့် ချစ်စဖွယ်ကောင်းနေသည်။

ခင်ဗျားက ဒီလိုပုံစံမျိုးကို သဘောကျတာလား လေးဆက်ရိပ်သွင် ...

“ ဘာကိစ္စလဲ ”

ရုတ်တရက် ပခုံးလည်း အပုတ်ခံရ၊ လူလည်း စိုက်ကြည့်ခံနေရ၍လားမသိ။ ကောင်မလေးက သူ့ကို မကြည်ကြည့်ဖြင့်ကြည့်ကာ မေးခွန်းထုတ်လာသည်။

သို့သော်ငြား ဈာန်ရောင်ခက ဘာကိုမှ ဂရုမစိုက်တတ်သူပီပီ

“ မင်းဘေးနားက တစ်ယောက်ရော ဘယ်ရောက်သွားတာလဲ ”

“ ဘာတွေ လာပြောနေတာလဲ ”

“ ခုနက မင်း ဆွဲခေါ်သွားတဲ့လူ ... သူ အခု ဘယ်မှာလဲ ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now