အပိုင်း ( ၁၂ ) ( Unicode )

3.3K 457 39
                                    

ဘဲလ်တီးသွားသောကြောင့် အတန်းထဲမှ Reading  ထွက်သွားပြီးပြီးချင်း လေးဆက်က ဖုန်းသုံးနေသောမြတ်သူဘက်ကို လှည့်ကာ

" မြတ်သူ ... ဟေ့‌ကောင် ... ငါ့အစား တစ်ချက်သွားကြည့်ပေးစမ်းပါကွာ "

" ဘာကို ကြည့်ပေးရမှာလဲဟ ... မင်းဟာကလည်း ... အစမရှိ အဆုံးမရှိ "

ဖုန်းကနေ မျက်နှာမခွာသေးဘဲ မြတ်သူက ပြောလာသည်။

" ငါ အပေါ့သွားချင်နေပြီ "

လေးဆက် သူ့ဗိုက်ကို ဖိထားရင်းနဲ့မှ မြတ်သူကို တိုးတိုးလေးကပ်ပြောသည်။

" အေး ... သွားလေ ... ဘာလဲ ... ငါ အဖော်လိုက်ပေးရမလား "

မြတ်သူကလည်း သူ့ကောင်လေးဆီ မက်ဆေ့ခ်ျပို့နေရာမှ လေးဆက်ကို တစ်ချက်ကလေးမှလှည့်မကြည့်ဘဲ ပြန်ဖြေသည်။

" မင်းကို အဖော်လိုက်ခိုင်းမလို့မဟုတ်ဘူး ... ငါတို့အတန်းရှေ့မှာ ဟိုကောင်လေး ရှိသေးလားလို့ သွားကြည့်ခိုင်းတာ "

ထိုသို့ပြောလိုက်မှပဲ မြတ်သူရဲ့ဖုန်းဆီိသို့‌ပဲရောက်နေသည့်အာရုံက လေးဆက်ထံသို့ ပြန်ရောက်လာပြီး အခန်းပတ်ပတ်လည်ကို လိုက်ရှာကြည့်ဟန်ပြင်သည်။

လေးဆက်ကတော့ နုံချာလှသည့်သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း သက်ပြင်းသာအကြိမ်ကြိမ်ချမိတော့သည်။

အခန်းထဲကနေ ကြည့်ရုံနဲ့မြင်ရမလား ... ခွေးသူတောင်းစားလေးရဲ့ ... အတွေးအခေါ်ကလည်း ညံ့ဖျင်းလိုက်တာ ... ဒါနဲ့များ ရည်းစားက ရသွားသေးတယ် ... သုတကလည်း ဘယ်လိုကောင်မျိုးကို ရွေးပြီးရည်းစားတော်ထားလဲမသိဘူး ...

လေးဆက်တို့ ထိုင်နေရာက ဟိုးဘက်အစွန်ဆုံးအတန်းဖြစ်ပြီး တံခါးနှင့်အဝေးဆုံးနေရာတွင်ဖြစ်သည်။ ထို့ကြောင့် အထဲကလူက အပြင်လူကို မြင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေသိပ်မရှိချေ။

" လေးဆက် မင်း ပြောတာ ဈာန်ရောင်ခလား ... သူက မနက်ကတည်းက ရှိနေတာမလား ... အခုလောက်ဆိုရင် ပြန်သွားလောက်ပြီပေါ့ ... နေလည်စောင်းနေပြီကို ... "

" ငါတော့ မထင်ဘူးကွာ ... သူ ငါ့နောက်ကို လိုက်စကားပြောနေတာ သုံးလေးရက်မကတော့ဘူး ... အမြဲတမ်း LRC ထဲမှာချည်းပဲ ... အတန်းလည်း သွားမတက်ဘူးလားမသိဘူး "

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now