အပိုင်း ( ၃၉ ) ( Unicode )

2.4K 368 30
                                    

“ လေးဆက် အခြေအနေ ဘယ်လိုလဲ ”

စာမေးပွဲခန်းထဲက ထွက်ထွက်ချင်း အရှေ့မှာစောင့်နေသည့်မြတ်သူက လှမ်းမေးတော့ လေးဆက် ဘာတစ်ခွန်းမှ မပြောဘဲ လက်ဖြင့်သာ အိုကေကြောင်း အချက်ပြလိုက်သည်။

“ ဒါနဲ့ မေမြတ်ရော ... ”

“ ထုံးစံအတိုင်းပဲ ... ထွက်မလာသေးဘူး ”

သူ့အဖြေကြောင့် စာမေးပွဲခန်းဘက်ကို မှုန်ကုတ်ကုတ်မျက်နှာထားနှင့် စိုက်ကြည့်လိုက်သည့် မြတ်သူရဲ့မျက်နှာအနေအထားက ရယ်ချင်စရာကောင်းလှသည်။ လေးဆက်လည်း မြတ်သူရဲ့ကျောကုန်းကို ခပ်ဖွဖွပုတ်ကာ

“ ဒီနေ့က နောက်ဆုံးနေ့ပဲဟာ ... ခဏလောက် သည်းခံပြီး စောင့်လိုက် ... အရင်နေ့တွေတုန်းကလည်း စောင့်လာခဲ့တာပဲကို ... ”

“ အမြဲတမ်း အဲဒီဟာမလေးကို စောင့်နေရတာချည်းပဲ ... ဘာတွေကို ဒီလောက်တောင် ကုန်းဖြေနေလဲမသိဘူး ”

“ စိတ်လျော့ ဖေ့သားကြီး ... စိတ်လျော့ ... ”

လေးဆက်လည်း မြတ်သူတို့မောင်နှမအဖြစ်ကို ကြည့်ကာ ရယ်နေရင်းမှ တစ်ဖက်ကလည်း မြတ်သူကို စိတ်ပြေအောင်လုပ်ရသေးသည်။ စိတ်မပြေလို့လည်းမရ။ ဒီနေ့က ရေးဖြေစာမေးပွဲနောက်ဆုံးနေ့ဖြစ်၍ လေးဆက်တို့အားလုံး လွတ်လပ်ပေါ့ပါးနေကြသည်။

အခုလည်း စာမေးပွဲဖြေပြီးအပြန်တွင် လေးဆက်တို့သူငယ်ချင်းတစ်သိုက် တိုင်ပင်ဆွေးနွေးစရာကိစ္စအကြီးကြီးရှိသည်။ ထို့ကြောင့် ဈာန်ကိုတောင် ဒီနေ့ လာမကြိုဖို့ ကြိုပြောထားရသည်။ အဲဒါကို ဒီနှစ်ယောက်သာ အချိန်တိုင်း ထပြီးရန်သတ်နေမယ်ဆိုရင် ဒီတစ်သက်တော့ သူတို့ဆွေးနွေးလို့ပြီးပါဦးမလား။

ခဏကြာတော့ စောင့်ရကျိုးနပ်အောင် မေမြတ်က ကော့တော့ကော့တော့နှင့် အခန်းပြင်ထွက်လာသည်။ မြတ်သူ စိတ်မရှည်‌ဖြစ်နေတာကို သိနေသည့်မေမြတ်ကလည်း သူတို့ကို အဖတ်ပင်မလုပ်ဘဲ ရှေ့ဆုံးကနေ ကျောင်းထွက်ပေါက်သို့ ဦးတည်သွားသည်။ ထို့ကြောင့် မြတ်သူမှာ ပို၍ပင် ဒေါသပုန်ထကာ သူ့ကို လာတိုင်တန်းတော့သည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now