အပိုင်း ( ၁၃ ) ( Unicode )

3K 420 66
                                    

ဒီနေ့ လေးဆက် အတန်းထဲမှာ စာသင်နေရပေမဲ့ လူက စာထဲအာရုံမရောက်နိုင်။ လောလောဆယ် အတန်းထဲမှာ လူတွေအများကြီးရှိနေပေမဲ့လည်း မြတ်သူရော မေမြတ်ရော ရောက်မလာသေးသည့်အတွက် လေးဆက်တစ်ယောက်တည်း အထီးကျန်သလိုခံစားနေရသည်။

ဒီအတန်းချိန်ကို မနည်းပြီးအောင် သည်းခံစောင့်ဆိုင်းလိုက်ပြီး ဆရာမထွက်သွားသည်နှင့်တစ်ပြိုင်နက် လေးဆက်လည်း လွယ်အိတ်ကိုပါ တစ်ခါတည်းယူပြီး အခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။ အဲဒီနောက် LRC အပြင်ဘက်ရှိ ခုံတန်းတွင် ဝင်ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။

ထိုစဉ် လေးဆက်မှာ သူ့ဘေးနားနေရာလွတ်တွင် ကောင်မလေးတစ်စုလာထိုင်ပြီး တီးတိုးအတင်းပြောနေကြသည်နဲ့ ကွက်တိကြုံရလေသည်။ ကောင်မလေးအုပ်စုထဲကတစ်‌ယောက်က မနှစ်ကမေဂျာရှပ်ကို ဝတ်ထားသဖြင့် ကြည့်ရတာ လေးဆက်တို့မေဂျာကပဲဖြစ်မည်ထင်၏။

ဖြစ်ချင်တော့ သူတို့အတင်းပြောနေကြသည်မှာ လေးဆက် ကမ္ဘာပေါ်မှာ အရှောင်ရှားချင်ဆုံးပုဂ္ဂိုလ်အကြောင်းဖြစ်နေသည်။

လေးဆက်လည်း သူတစ်ပါးကိစ္စကို ခိုးမနားထောင်ချင်ပေမဲ့ ထိုကလေးမလေးတွေပြောနေကြသည်မှာ အနည်းငယ်ကျယ်လောင်သောကြောင့် လေးဆက်မှာ နားမထောင်ချင်ရင်တောင်မှ ကြားနေရသည့်အဖြစ်။ အဲဒါနဲ့ပဲ လေးဆက်လည်း မထူးစိတ်ပိုက်ကာ သူတို့ပြောနေကြသည်ကို မသိမသာနားစွင့်နေလိုက်သည်။

“ ဟဲ့ရေ ... ငါလေ ဒီနေ့ ဈာန်ရောင်ခကို တွေ့ခဲ့တယ်သိလား ”

“ ဟဲ့ ... ဟဲ့ ... ဘယ်မှာလဲ ... အမြန်ပြောစမ်း ”

ကျန်တဲ့‌ကလေးမလေးများကလည်း အလွန်အမင်းစိတ်ဝင်စားနေဟန်ဖြင့် နားစွင့်နေကြသည်။

“ ကျောင်းအလာမှာ တွေ့တာ‌ဟယ် ... သူက ကျောင်းကို ကားအမိုက်စားကြီးနဲ့လာတာနော် ... လုံးဝဘောစိပဲ ”

“ ဒါဆို အခု သူ ဘယ်ကိုလာတာ နင်တွေ့လိုက်လဲ ”

“ ငါက သူ ကားပေါ်က ဆင်းလာတာကိုပဲ မြင်လိုက်တာဟ ... အရပ်ကြီးက အရှည်ကြီးပဲဟယ် ... တော်တော့်ကို ချောတာ ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now