မနက်ခင်းနေရောင်ခြည်လဲ့လဲ့ဖြာကျနေသော တိုက်ခန်းတွဲတစ်ခု၏ ငါးလွှာမြောက်ဝရံတာ၌ လူတစ်ယောက် ဖုန်းပြောရင်း မတ်တတ်ရပ်နေလျက်ရှိသည်။ ထိုလူ၏အသွင်အပြင်ကတော့ ပေါ့ပေါ့ပါးပါးနှင့် ပြုံးပြုံးရယ်ရယ်ပင်။
သို့သော် မဟုတ်သေး။ တစ်ခုခုတော့ လွဲမှားနေလျက်ရှိသည်။ သေချာကြည့်မှ ထိုလူတစ်ယောက်တည်း မတ်တတ်ရပ်နေတာ မဟုတ်ပေ။ ထိုလူ့အား အနောက်ကနေ ယုယစွာ ပိုက်ထွေးထားသည့် တခြားလူတစ်ယောက်လည်း ရှိနေသေး၏။
ထိုခန္ဓာကိုယ်နှစ်ခုက တစ်ခုတည်းဟု ထင်မြင်မိရလေပူးကပ်နေသဖြင့် အမြင်မှားသွားရခြင်းဖြစ်သည်။
“ သွင်ကလေး ... သား ဘယ်တော့ ရွာပြန်လာမလဲ ”
“ ဗျာ ! ”
တီနှင်းနဲ့ ဖုန်းပြောနေစဉ် ရုတ်တရက် သူ့လည်ပင်းကို လာနမ်းနေသည့် ဈာန်ကြောင့် အသိစိတ်လွတ်သွားသည့် တစ်ခဏ၌ တီနှင်းက မေးခွန်းထုတ်လာသည်။ တီနှင်း ဘာမေးလိုက်လဲဆိုတာကို ကြားလိုက်ရပေမဲ့ ပြန်ဖြေဖို့အရေးကိုတော့ သူ အနည်းငယ် ဆွံ့အနေမိ၏။
ထိုမေးခွန်းက သူ့အနေနဲ့ ဖြေဖို့ အတော်ခက်ခဲသည့် မေးခွန်းဖြစ်နေသည်ကိုး။ တီနှင်း ဒီလိုမေးခွန်းမျိုးကို မမေးလာဖို့ သူ ဘယ်လောက်ထိ မျှော်လင့်ခဲ့ရလဲဆိုတာကို သူကိုယ်တိုင်သာ သိ၏။ သို့ပေမဲ့ သူ့မျှော်လင့်ချက်ကား အထမမြောက်ခဲ့ပေ။
“ မြတ်ကလေးကလည်း မင်းကို ခဏခဏမေးနေတယ် သားရယ် ... သူ မင်းကို သတိရတယ်တဲ့ ”
ညီမလေးအကြောင်း ကြားလိုက်ရတော့ လေးဆက်၏မျက်နှာက ပြုံးချိုသွားသည်။ ဟုတ်သားပဲ။ သူ ညီမလေးနဲ့ လူချင်း မတွေ့ရတာ အတော်ကြာနေပြီမဟုတ်လား။ သူ့ရဲ့တစ်ဦးတည်းသော ချစ်ညီမလေးကို သူလည်း အရမ်းလွမ်းဆွတ်မိပါရဲ့။
“ ကျွန်တော်လည်း အကုန်လုံးကို သတိရပါတယ် ”
“ ဒါဆို သား ဘယ်တော့ပြန်လာမလဲ ”
“ ကျွန်တော် ... ”
တီနှင်းက ဇွဲမလျှော့စွာ သူ မဖြေချင်သောမေးခွန်းကိုပင် ထပ်မံမေးမြန်းလာ၏။ တီနှင်း ထိုမေးခွန်းကို မေးနေသည်မှာ အခုမှ မဟုတ်။ အရင်ရက်တွေ ဖုန်းပြောကတည်းက ခဏခဏမေးနေခြင်းဖြစ်သည်။
ESTÁ A LER