အပိုင်း ( ၁၀ ) ( Unicode )

3.6K 431 39
                                    

ဒီနေ့ ငါ တကယ်ပဲ ကျောင်းကိုသွားပြီး ဟိုကောင်လေးနဲ့ တွေ့ရတော့မှာလား ... သေတော့မှာပဲ ... ရူးချင်လာပြီ ...

အိပ်ရာနိုးနိုးချင်း မျက်လုံးနှစ်လုံးစပွင့်ကတည်းက တွေးမိသည်က ထိုကဲ့သို့ပင်။ တွေးနေရင်းနှင့် စိတ်ညစ်လာကာ အိပ်ရာကို တဘုံးဘုံးထုမိသွားသည်။

ဘယ်လိုလုပ်ရမလဲ။ ဒီနေ့တော့ ကျိန်းသေရှောင်လို့ရမှာမဟုတ်တော့ဘူး။

အမှတ်တမဲ့ နာရီကို လှမ်းကြည့်မိလိုက်တော့ ၆နာရီ။

ဟမ် ! အခုမှ ၆နာရီပဲရှိသေးတာလား ... ငါ ဘယ်လိုတောင် စောစောနိုးနေရတာလဲ ... ပုံမှန်ဆို ၈နာရီလောက်မှ အသည်းအသန်ထရတဲ့ ငါကလေ ...

မတတ်နိုင်။ နိုးလာမှတော့ ကျောင်းကိုစောစောသွားဖို့ပဲ ပြင်ဆင်ရတော့သည်။ ရေချိုးအဝတ်အစားလဲနေသည့်အချိန်မှာတောင် အတွေးတွေက တောင်ရောက်လိုက် မြောက်ရောက်လိုက်နှင့် ရှုပ်ရှက်ခပ်နေသည်။ ငါးလွှာကနေ တိုက်အောက်ရောက်ဖို့အထိတောင် ခြေချော်မကျဖို့ လူက မနည်းသတိထားပြီး ဆင်းနေရသည်။ ဘတ်စ်ကားဂိတ်ကိုရောက်တော့လည်း လူက အတွေးတွေလွင့်မျောနေ၍ နှစ်စီးလောက် လွတ်သွားသေးသည်။

ယခု လေးဆက်ဖြစ်နေသည့် ခံစားချက်ကို‌ဖော်ပြရမည်ဆိုရင်တော့ ပထမဆုံးအလုပ်အင်တာဗျူးအတွက် ရင်တုန်သည့်ခံစားချက်လိုမျိုး၊ ကျောင်းမှာ Oral Test ဖြေဖို့ ရင်တုန်သည့်ခံစားချက်လိုမျိုးထက် ဆယ်ဆပိုဆိုးနေတာဖြစ်သည်။ အနည်းဆုံးတော့ အလုပ်အင်တာဗျူးတို့၊ Oral Test တို့မှာက ဆေးရုံရောက်လောက်သည့်အထိ အရိုက်မခံရနိုင်ဘူးလေ။

ကျစ် ! ဒီနေ့မှ ဘာလို့အချိန်တွေက အရမ်းမြန်နေရတာလဲ။ ပုံမှန်ဆို ကားကျပ်နေကျလှည်းတန်းက အခုတော့  မျက်စိတစ်မှိတ်အတွင်းရောက်သွားသလိုပင်။ ဒီနေ့မှ အရာအားလုံးက လေးဆက်ဘက်မှာ မရှိသလိုမျိုး ခံစားနေရသည်။ ဆိုးရွားလိုက်တာ။

လှည်းတန်းမှာ ဆင်းပြီး လှည်းတန်းကနေတဆင့် တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် ကျောင်းသို့ လမ်းလျှောက်လာသည့်အချိန်၌လည်း အတွေးတွေက ယောက်ယက်ခတ်နေပြီး အလိုလိုနေရင်း ခြေဖျားလက်ဖျားတွေပါ အေးစက်လာသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now