အပိုင်း ( ၃၀ ) ( Unicode )

2.4K 313 10
                                    

ညဆယ်နာရီခွဲခန့်အချိန်၌ ခမ်းနားကြီးကျယ်ပြီး ခေတ်မှီဆန်းပြားသည့်အဆောက်အဦးတစ်ခု၏ကားပါကင်သို့ ကားနှစ်စီးဆိုက်ရောက်လာခဲ့သည်။ ညအချိန်ဖြစ်သော်ငြား ထိုကားပါကင်၌မူ ကားတွေသည် နေရာလွတ်မကျန်ရစ်လောက်သည်အထိ ပြည့်ကျပ်နေသည်။

ကားနှစ်စီးပေါ်မှ အတူတူဆင်းလာကြသည့် လူငါးယောက်လုံး၏မျက်နှာတို့သည် ပြုံးရွှင်နေကြပြီး တစ်စုံတစ်ရာအကြောင်း ပြောဆိုကာ ရယ်မောနေကြသည်။

ယခု သူတို့ရှေ့မှာ ရောက်ရှိနေသည့်အဆောက်အဦးကား အပြင်ပိုင်းအဆင်အယင်နဲ့တင် ရှုမောအံ့သြဖွယ်ကောင်းလှသည်။ ကြည့်လိုက်ရုံနဲ့တင် တော်ရုံလူမလာနိုင်သည့်နေရာတစ်ခုဖြစ်ကြောင်း သိသာလှသည်။

Royal Bar & Club ဆိုသည့် ဆိုင်းဘုတ်ကလည်း တကယ့်ကို နာမည်နှင့်လိုက်အောင် ခမ်းခမ်းနားနားတင့်တင့်တယ်တယ်။

အဆောက်အဦးထဲ မဝင်ခင် လေးဆက် လက်ရှိရောက်နေသည့်နေရာပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း

“ ဒါက ဘယ်နေရာလဲ ဥဥ ”

လေးဆက်ရဲ့အမေးကို ဥဥက တမင်မဖြေသေးဘဲ သူ့နောက်ကနေ လိုက်ခဲ့ဖို့ လက်အမူအယာဖြင့် ပြသပြီး ရှေ့ဆုံးကနေ ဦးဆောင်ဝင်သွားသည်။

ထိုအဆောက်အဦး၏ မှန်တံခါးကို တွန်းဖွင့်လိုက်ချိန်မှာ အေးစိမ့်နေသည့် အဲကွန်းလေက အလုအယက်တိုးဝင်လာသည်။ ဧည့်ကောင်တာမှာ ဝန်ထမ်းမိန်းမပျိုလေးသုံးယောက်က စာရင်းဇယားတွေနှင့် အလုပ်ရှုပ်နေပြီး ရောက်ရှိလာသည့် ဧည့်သည့်တွေကို ဝန်ဆောင်မှုပေးနေသည်။

ထိုဧည့်ကောင်တာနှင့် မနီးမဝေးတစ်နေရာ၌ ဗလတောင့်တောင့်ဘော်ဒီဂတ်လေးယောက်ကလည်း မာန်အပြည့်နှင့် ပြဿနာမဖြစ်ပွားအောင် စောင့်ကြပ်ပေးနေသည်။

ဥဥက ဧည့်ကောင်တာနား ရောက်သွားတော့

“ မင်္ဂလာပါရှင် ... Royal Bar & Club မှ လှိုက်လှဲစွာ ကြိုဆိုပါတယ် ”

လန်းဆန်းတက်ကြွသည့် အသံလေးဖြင့် စတင်နှုတ်ဆက်လိုက်သည့် ဝန်ထမ်းငယ်လေးကြောင့် လေးဆက်စိတ်ထဲမှာ သဘောကျသွားကာ အမှတ်တွေ ပိုတိုးပေးလိုက်မိသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now