အပိုင်း ( ၃၅ ) ( Unicode )

2.5K 328 8
                                    

ကျွီ ...

ပွင့်ဟလာသော တံခါးတစ်ချပ် ... ။

လှပ်ခနဲ ပွင့်ဟသွားသော တံခါးကြောင့် ထိုတံခါးကို အမှီပြုကာ ရပ်နေသည့်သူမှာ တစ်ဖက်လူရဲ့ရင်ခွင်ထဲ ဘုတ်ခနဲ ပြုတ်ကျသွားလေသည်။

တစ်ဖက်လူမှာလည်း သူ့ရင်ခွင်ထဲ ပြိုကျလာသည့် ကောင်လေးအား လက်နှစ်ဖက်နှင့် မနိုင်မနင်း‌ထိန်း‌‌ပွေ့ထားရသည်။

“ ဟင် ကိုကိုလား အေ့ ... ကိုကို့ကို ကျွန်တော် အရမ်းလွမ်းနေတာ ”

လေးဆက်ကို မျက်မြင်တွေ့လိုက်ရမှ ဈာန့်ရဲ့အလွမ်းဓာတ်ခံတို့က ပြိုကျလာသလားမှတ်ရသည်။

ဈာန်က သူ့ရဲ့ပခုံးပေါ် ခေါင်းလေးမှေးတင်ထားသည်။ အဲဒီနောက် သူ လွတ်ထွက်သွားမှာကို စိုးသည့်အလား လေးဆက်ရဲ့ခါးထက်တွင် ဈာန့်လက်တို့က ခပ်တင်းတင်းရစ်တွယ်ထားလျက် ... ။

“ ကိုကို့ကို လွမ်းတယ် ”

“ အင်း ... လိမ္မာတယ် ... တိတ်တိတ်လေးနေ ... ”

သူ့ပခုံးပေါ်မှာ ခေါင်းတင်ပြီး ချွဲနေသည့်ကောင်လေးကြောင့် ဆံပင်လေးကို ဖွဖွလေးပွတ်သပ်လိုက်ပြီး အရင်ဆုံးချော့မော့လိုက်ရသည်။

“ အွန်း ”

အဲဒီနောက်မှာ‌တော့ ခုနက အမူးလွန်ကာ စကားတွေ တောင်စဉ်ရေမရလျှောက်ပြောပြီး ရစ်ချင်တိုင်းရစ်နေသည့် ကောင်လေးတစ်ယောက်၏အသွင်အပြင်မှာ လုံးဝပျောက်ဆုံးသွားသည်။

၎င်းအစား တစ်ပါးသူရဲ့ပခုံးထက်၌ ငြိမ်ငြိမ်လေးမှေးနေသည့် ကလေးငယ်တစ်ယောက်၏အသွင်အပြင်နှင့်လူကိုသာ တွေ့မြင်လိုက်ရသဖြင့် ဦးရွှေနှင့် ဒေါ်ဝင့်ဝါမှာ မယုံနိုင်သကဲ့သို့ ဆွံ့အနေမိလေသည်။

“ ဦးလေးရွှေနဲ့ အန်တီဝင့်ဝါ ... ဒီကောင်လေးအစား ကျွန်တော်ကပဲ တောင်းပန်ပါတယ် ... ဒီကောင်လေးက အရမ်းအရစ်သန်တာ ... ဦးလေးတို့ကို အနှောင့်အယှက်ပေးမိသလိုဖြစ်သွားပြီ ”

အားနာပြုံးလေးနှင့် သူတို့လင်မယားကို တောင်းပန်စကားဆိုနေသော ကောင်လေးကြောင့် လွင့်မျောနေသောစိတ်အစဉ်တို့က အသိပြန်ဝင်လာသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Donde viven las historias. Descúbrelo ahora