Author's Note

1K 120 21
                                    

ဈာန်က ဘာလုပ်ချင်နေတာလဲ ?

ဈာန်က ဘာလို့ အဲဒီလို လုပ်ရတာလဲ ?

အဲဒီအကြောင်း ကိုယ် ရှင်းပြပါ့မယ်။

အရင်ဆုံး ကျန်တာကို မပြောရသေးခင် တစ်ခုကို မှတ်ထားစေချင်ပါတယ်။

အဲဒီအချိန်မှာ ဈာန်က အသက် ၁၅ နှစ်ကျော်ကျော်ပဲ ရှိသေးတာပါ။ ၁၆ နှစ်ပြည့်ဖို့ လနည်းနည်းလောက် လိုသေးတယ်ဆို‌တော့ အသက်မပြည့်သေးတဲ့ ကလေးသာသာပါပဲ။ 

ပထမဆုံးပြောရမယ်ဆိုရင် လေးဆက်တို့ ဇာတ်မျောကြီးဖြစ်နေတာကို ဈာန်က မမြင်ချင်တော့ပါဘူး။

ဘယ်လိုဇာတ်မျောကြီးဖြစ်နေလဲဆိုရင် ခန့်မဟော်က ဇလပ်ကို ချစ်တယ်။ ဇလပ်ကလည်း ခန့်မဟော်အပေါ် ခံစားချက်ရှိနေတယ်။ အမှန်ဆို အရာအားလုံးအဆင်ပြေနေပြီလေ။

ဒါပေမဲ့ ခက်တာက သူတို့သုံးယောက်ကြားထဲမှာ ငဲ့ညှာသနားနေတာတွေက အရမ်းများနေတာပဲ။

ခန့်မဟော်၊ ဇလပ်၊ လေးဆက် သူတို့သုံးယောက်ထဲမှာ ဘာဆို ဘာမှ မသိဘဲဖြစ်နေတာ လေးဆက်တစ်ယောက်တည်းပဲ ရှိပါတယ်။

လေးဆက် ဇလပ်ကို ချစ်ခွင့်ပန်တဲ့အချိန်မှာ ဇလပ်က ခန့်မဟော်အပေါ် ခံစားချက်ရှိနေရက်နဲ့တောင် လေးဆက်ကို ဘာလို့လက်ခံခဲ့လဲဆိုရင် သနားလို့ပါ။

မိဘတွေ ရုပ်ပျက်ဆင်းပျက်သေဆုံးသွားတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တဲ့ လေးဆက်အဖို့ အဲဒီနာကျင်မှုက တော်တော့်ကို ပြင်းထန်ပါတယ်။ အဲဒီအချိန်မှာ လေးဆက်ရဲ့အသက်က ၁၅နှစ်ပဲ ရှိသေးတယ်။

အဲဒီနာကျင်မှုကနေ လေးဆက် နလံပြန်ထူဖို့အတွက် အချိန်အများကြီးယူခဲ့ရပါတယ်။ လေးဆက်ရဲ့အမှောင်မိုက်ဆုံးအချိန်တွေလို့ ပြောရမယ်ဆိုလည်း မမှားပါဘူး။ အဲဒီလိုအချိန်တွေမှာ လေးဆက်ကို နဂိုအတိုင်းပြန်ဖြစ်အောင် ဘေးနားကနေ အမြဲဖေးမပြီး ပြုစုစောင့်ရှောက်ပေးတာ ဇလပ်ပါ။

နဂိုကတည်းကလည်း နှစ်ပေါင်းများစွာ ‌ခင်မင်ရင်းနှီးလာတဲ့ ငယ်သူငယ်ချင်းတွေလည်းဖြစ်တယ်ဆိုတော့ လေးဆက်က ဇလပ်အပေါ် အရမ်းကို ယုံကြည်ပြီး အားကိုးခဲ့တာပါ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Onde as histórias ganham vida. Descobre agora