အပိုင်း ( ၃၇ ) ( Unicode )

2.6K 365 26
                                    

တောင် !

အရှေ့မှာ တီချယ်က ဖတ်စာအုပ်ကို ကိုင်ကာ စာရှင်းပြနေသည်ကို လေးဆက် သေချာလိုက်နားထောင်နေစဉ် မက်ဆေ့ခ်ျတစ်စောင်ဝင်လာသည့် အသံကို ကြားလိုက်ရသဖြင့် ဖုန်းကို အသာထုတ်ကာ ခိုးကြည့်မိလိုက်တော့

“ ကိုကို ကျွန်တော် ကန်တင်းကို ရောက်နေပြီ ... ကိုကိုထိုင်ဖို့ ခုံဦးထားတယ် ”

“ ပြီးတော့ ကျွန်တော် ကိုကို့ကို အရမ်းတွေ့ချင်နေပြီ ”

ရှေ့စာကြောင်းနှစ်ကြောင်းက သမရိုးကျသာဖြစ်ပေမဲ့ နောက်ဆုံးရောက်လာသည့် မက်ဆေ့ခ်ျကို ဖတ်လိုက်မိချိန်တွင်တော့ လေးဆက်ရဲ့မျက်နှာပေါ်မှာ အပြုံးခပ်ရေးရေးတစ်ခု ပေါ်ပေါက်လာသည်။

အခုတလော လေးဆက်နှင့် ဈာန်ရဲ့ဆက်ဆံရေးက အရမ်းကို ကောင်းမွန်နေသည်ဟု ဆိုရပေမည်။ အဖြေပြန်မပေးရသေးသဖြင့် တရားဝင်ချစ်သူတွေ မဖြစ်သေးသော်ငြား ယခုလက်ရှိ သူတို့နှစ်ယောက်၏အခြေအနေမှာ ချစ်သူရည်းစားပုံစံနှင့် သိပ်မခြားနားပေ။

ဈာန့်ကို မက်ဆေ့ခ်ျပြန်ပို့လိုက်ပြီး နာရီကို တစ်ချက်ကြည့်မိတော့ ယခုစာသင်ချိန်ပြီးဖို့ မိနစ်နှစ်ဆယ်ခန့်လိုနေသေးသည်။ စိတ်ထဲမှာတော့ ဈာန် သူ့ကို အကြာကြီးစောင့်နေရတော့မှာကို တွေးမိကာ ဂဏှာမငြိမ်ဖြစ်လာသည်။

ထို့အပြင် တီချယ် သင်နေသည့် စာတွေကလည်း သူ့နားထဲကို ဝင်လာလိုက် မဝင်လာလိုက်ဖြစ်ကာ စာသင်နေရသည်ကိုလည်း စိတ်မပါတော့ဘဲ ဈာန်ရှိရာ ကန်တင်းဆီသို့ သွားဖို့ကိုသာ စိတ်အားထက်သန်နေမိသည်။

အခန်းထဲက ချက်ချင်းထထွက်သွားချင်ပေမဲ့လည်း စာသင်နေသည့် တီချယ့်ကို မလေးစားရာရောက်သလို ဖြစ်သွားမှာစိုးသည်မို့ အသာငြိမ်နေလိုက်ရပြန်သည်။

သူ ဒီလိုဖြစ်နေမှပဲ အချိန်တွေက ပိုကြာနေသလားမှတ်ရသည်။ မိနစ်လက်တံရွေ့လျားနှုန်းကလည်း တဖြည်းဖြည်း နှေးကျလာကာ သူ့ကို အရွဲ့တိုက်နေသလိုပင်။ အချိန်တစ်မိနစ်ကုန်ဆုံးဖို့အရေးကပင် တစ်ကမ္ဘာလောက် ကြာနေသည်။

Bell Ringing ...

လက်ထဲတွင် ကိုင်ထားသည့်ဘောပင်ကို ဆော့နေရင်း ခေါင်းလောင်းထိုးသံကြားလိုက်သဖြင့် လေးဆက်ရဲ့ခါး‌လေးက မတ်သွားသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now