အပိုင်း ( ၄၈ ) ( Unicode )

2.8K 321 51
                                    

လင်းထိန်နေသည့် ကောင်းကင်ပြင်က အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းအရောင်ပြောင်းလဲလာခဲ့သည်။

နေ့လယ်ခင်းတုန်းက တညီးညီးတောက်လောင်နေသည့် နေမင်းကြီးကလည်း ယခုတော့ဖြင့် သူ့တာဝန်ချိန်ပြီးဆုံးသွားသည့်နှယ် အနောက်ဘက်အရပ်ဆီသို့ ယိမ်းနွဲ့ကာ အိပ်တန်းဝင်သွားလေသည်။

ဝန်းကျင်တခွင် အမှောင်ရိပ်တို့ တဖြည်းဖြည်း ကြီးစိုးလာသည်နှင့်အမျှ လေထုထဲ၌လည်း အအေးဓာတ်များက မသိမသာစိမ့်ဝင်‌နေလျက်ရှိသည်။

နိုဝင်ဘာလဖြစ်သည်မို့ ဆောင်းရာသီအရိပ်အငွေ့တို့ သိုင်းခြုံလာသည်မှာ သိပ်တော့မဆန်းကြယ်ပေ။

သို့သော် ဆန်းကြယ်သည်က ငါးလွှာတိုက်ခန်းတစ်ခုရှိ ဝရန်တာ၌ မတ်တပ်ရပ်ကာ အဝေးတစ်နေရာသို့ မျက်တောင်မခတ်တမ်း မျှော်ကြည့်နေသည့် လူတစ်ယောက် ... ။

ထိုလူက ကျောက်ရုပ်တစ်ရုပ်လိုပင် ကိုယ်ဟန်အနေအထားရွေ့လျားမှု အနည်းငယ်မျှပင် မရှိပေ။ လက်ထဲမှာတော့ ဖုန်းတစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။

ခပ်သွဲ့သွဲ့တိုက်ခတ်လာသည့် လေအဟုန်ကြောင့် ထိုလူ၏ဆံနွယ်စများကား လေထဲမှာ တလွင့်လွင့် ... ။

အချိန်မည်မျှအထိကြာအောင် ဒီနေရာမှာ ရပ်နေမိမှန်း သူ့ကိုယ်သူတောင် မသိတော့ပေ။ ခြေထောက်များက သွေးမလျှောက်တော့သဖြင့် နည်းနည်းလေးလှုပ်မိရင်တောင် ကျင်တက်လာသည်။

ထိုစဉ်

Phone Ringing ...

ဖုန်းမြည်သံကြားလိုက်ရသည့်အခါမှ ထိုလူ၏မျက်ဆံနက်က အသိဝင်လာသလို ဆတ်ခနဲ လှုပ်ရှားသွားသည်။

အဲဒီနောက်မှာတော့ ခုနက ကျောက်ရုပ်တစ်ရုပ်လို တည်ငြိမ်နေသည့်လူက သူ့ပါးပြင်ပေါ် အဆက်မပြတ်ကျဆင်းနေသည့် မျက်ရည်စများကို လက်ဖြင့် ဖယ်ရှားလိုက်ကာ တုန်ရင်နေသည့် လက်အစုံဖြင့် ဖုန်းကို ကိုင်လိုက်သည်။

သူ့မျက်နှာထက်မှာတော့ အမျိုးအမည်မသဲကွဲသည့် ရောင်စဉ်များက တစ်ခုပြီးတစ်ခု ဖြတ်ပြေးနေလျက် ရှိသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now