အပိုင်း ( ၂၆ ) ( Zawgyi )

1.1K 80 4
                                    

✨ Author’s Note ✨

အောက်မှာ ရေးရင် မဖတ်မိမှာစိုးလို့ပါ ...

အခုအသစ်တင်ပေးတဲ့အပိုင်း၃ပိုင်းကို ဖတ်တဲ့အခါမှာ မိန်းကလေးဖြစ်သူကို အစစ်မဆိုတဲ့ စိတ်မျိုးမသွင်းဘဲ ဒါက သာမန်ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ကြေကွဲစရာအချစ်ဇာတ်လမ်းတစ်ပုဒ်ပါလားလို့ပဲ မြင်ပေးပါ ...

အစစ်မလို့မြင်‌ယောင်ပြီး ဖတ်ရင်တော့ ဒီအပိုင်း‌‌တွေက အရမ်းဖတ်ရဆိုးနေမှာပါ ... ပြီးတော့ မိန်းကလေးတိုင်းက အစစ်မလို့ ပုတ်ခတ်ပြောဆိုခံရဖို့မဟုတ်ပါဘူး ...

ကိုယ်တိုင်ကလည်း မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ့်fic မှာလည်း မိန်းကလေးတွေကို နှိမ့်ချပြီးရေးမဲ့အသုံးအနှုန်းမျိုး ဘယ်တော့မှပါမှာမဟုတ်ပါဘူး ...

ကိုယ်က BL ရေးတဲ့သူပေမဲ့ အချစ်တိုင်းကို တန်းတူရှုမြင်ပါတယ် ...

လိင်တူတွေကြားမှာ ဖြစ်ပေါ်တဲ့အချစ်က မြင့်မြတ်တယ် သန့်စင်တယ်ဆိုရင် လိင်ကွဲတွေကြားမှာ ဖြစ်ပေါ်တဲ့အချစ်ကရော ?

အချစ်တိုင်းက မြင့်မြတ်ဖြူစင်ကြတာချည်းပါပဲ ...

အချစ်က အချစ်ပါပဲ ... ကွဲပြားခြားနားမှု မရှိပါဘူး ...

လောကဘဝဇာတ်ခုံပေါ်မှာ လူသားတိုင်းက အဓိကဇာတ်ဆောင်တွေချည်းပါပဲ ... ဘယ်သူမှ ဇာတ်ပို့မဖြစ်ချင်ကြဘူးလေ ...

ကိုယ့်ဘဝ ကိုယ့်အချစ်ရေးမှာတော့ လူတိုင်းက ဇာတ်ဆောင်ဖြစ်ချင်ကြတာချည်းပဲ မဟုတ်လား ...

❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️

လူတွေက ပြောကြတယ် ...

အချိန်တွေက အကုန်မြန်တယ်တဲ့ ...

ငယ်ငယ်တုန်းကတော့ မယုံခဲ့ဘူး ...

တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါကျမှ အဲဒီစကားက လုံးဝဥသုံမှန်ကန်ကြောင်း သိလာရတယ် ...

မယုံမရှိနဲ့ ... လူကြီးတွေ ပြောနေကျတချို့စကားတွေက မှန်လေ့ရှိတယ် ...

အချိန်က ဘယ်တော့မှအနားမယူဘူးဆိုတာကို လူတွေက မေ့နေကြတယ် ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now