အပိုင်း ( ၄၅ ) ( Unicode )

2.9K 373 42
                                    

တောင်တန်းပေါ်က အေးစိမ့်စိမ့်အငွေ့အသက်များက တကယ့်ကို သာမန်နှင့်မတူညီဘဲ ထူးကဲစွာ ပြင်းထန်လွန်းလှ၏။

ပြတင်းပေါက်တွေ အကုန်လုံးလုံနေအောင် ပိတ်ထားတာတောင် အအေးဒဏ်က ခန္ဓာကိုယ်ထဲထိ စိမ့်ဝင်နေသလို ခံစားနေရသဖြင့် လေးဆက် ကိုယ်လေးကို ကျုံ့လိုက်ကာ စောင်ကို ခေါင်းအထိလုံအောင် ဆွဲခြုံလိုက်သည်။

“ အေးလိုက်တာ ”

နဂိုကတည်းက အအေးဒဏ်မခံနိုင်သူမို့ နှုတ်ကနေ ငြီးငြူမိသွားသည်။ ခြေရော ခေါင်းပါမကျန် လုံအောင်ခြုံထားသည့်ကြားထဲမှ အေးစိမ့်မှုများက အသာစီးရနေပြန်သည်။

ထိုစဉ် သူ့တစ်ကိုယ်လုံးက အရမ်းကို နွေးထွေးလုံခြုံသည့် နေရာတစ်ခုကို ရောက်သွားသလို ခံစားလိုက်ရသည်။

“ အခုရော နွေးသွားပြီလား ”

သူ့နားထဲသို့ ရင်းနှီးသည့်အသံတစ်သံက တိုးဝင်လာသည်။ ဘာအသံပါလိမ့်။ ‌ထိုအသံ‌ကြောင့် ပိုနွေးထွေးသွားရသည်။ ပြင်ပမှ ဆောင်းလေအေးကြောင့် သူ့ခန္ဓာကိုယ်က အေးစက်နေသည့်အတွက် လူက ပိုပြီးနွေးသည့်နေရာကိုပဲ ကပ်ချင်နေမိသည်။

“ ကိုကို ”

ခပ်ကွေးကွေးလေးအိပ်နေကာ တစ်ကိုယ်လုံးကို စောင်နှင့်ထွေးထားပြီး ချမ်းနေရှာသည့် ကိုကို့ကို ဖက်ထားရင်း ဈာန်ရာင်ခ ပြုံးမိသွားသည်။ ‌

ကိုကို့မျက်နှာကို အုပ်ထားသည့်စောင်ကို ဖယ်လိုက်တော့ အခုထိ မျက်လုံးမပွင့်သေးသည့် ကြောင်ပေါက်စလေးက အရမ်းအေးနေသည်ထင်ပါရဲ့။ သူ့ရင်ခွင်ထဲကို တဖြည်းဖြည်း ပိုပိုပြီးတိုးဝင်လာသည်။

“ ဖက်ထားပေး ... အေးတယ် ”

အိပ်ချင်မူးတူးဖြစ်နေသည့် ကိုကိုက ထိုကဲ့သို့ ပြောလာသဖြင့် သူလည်း ကိုကို့ကို ပိုတိုးဖက်ထားလိုက်သည်။ မျက်နှာလေးတစ်ခုသာ ကွက်ဖော်ထားသည့် ကိုကိုကလည်း သူ့ရင်ခွင်ထဲသို့ အတင်းတိုးဝှေ့နေလျက် ... ။

ထိုစဉ်

“ မင်းတို့နှစ်ယောက် ဒီမနက် အာရုဏ်ဆွမ်းကပ်ဖြစ်ဦးမှာလား ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now