အပိုင်း ( ၆၀ ) ( Unicode )

2.2K 330 60
                                    

ည ၁၂ နာရီကျော်သွားပြီဖြစ်သဖြင့် မြို့ထဲ၌ လူအသွားအလာများလည်း တရိပ်ရိပ်နည်းပါး‌သွားချေပြီ။

ဒီညကျမှပင် လောကတခွင်အလင်းဆောင်ပေးတတ်သည့် လရောင်၊ ကြယ်ရောင်များက ပုန်းလျှိုးကွယ်လျှိုးနှင့် တိတ်တခိုးပျောက်ကွယ်နေသောကြောင့် ကောင်းကင်ကြီးသည် စုံးစုံးမြုပ်မှောင်အတိကျကာ အထီးကျန်ဆန်မှိုင်းညှို့နေလျက်ရှိ၏။

ထိုစဉ် လမ်းမီးရောင်များမှလွဲ၍ တိတ်ဆိတ်မည်းမှောင်နေသော လမ်းမကြီးထက်ဝယ် ကားနက်ပြာလေးတစ်စီးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် မရပ်မနားပြေးလွှားနေ၏။

မီးပွိုင့်မိတာတောင် စည်းမျဉ်းစည်းကမ်းအတိုင်း ရပ်တန့်ခြင်းမရှိဘဲ ဘယ်အရာကိုမှ ဂရုမစိုက်သည့်အလား အပြင်းမောင်းနှင်နေပုံအရ ထိုကားနက်ပြာလေးသည် လက်ရှိအချိန်၌ အင်မတန်အလျင်လိုနေဟန်ရှိသည်။

ညဉ့်နက်သန်းခေါင် ကားအတော်အတန်ရှင်းချိန်ဖြစ်၍သာ တော်သေးသည်ဟုဆိုရပေမည်။ နို့မို့ဆိုလျှင် ဤကဲ့သို့အရှိန်မျိုး၊ ဤကဲ့သို့မောင်းပုံမောင်းနည်းမျိုးဖြင့်သာဆို သေချာပေါက် ကားချင်းတိုက်မိကာ ကိုယ်ကျိုးနည်းပေလိမ့်မည်။

ယခုလည်း ထိုကားနက်ပြာလေးသည် လေ၏အလျင်ကဲ့သို့ မောင်းနှင်ကာ နေရာတစ်ခုသို့ တစိုက်မတ်မတ်ဦးတည်နေလျက်ရှိသည်။

၎င်းကားနက်ပြာလေးထဲမှာတော့ ကားစတီရာတိုင်ကို ချေမွလုမတတ်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် လူတစ်ယောက်ရှိ‌နေလေသည်။

ထိုလူသည် ဇောချွေးများဖြင့် တစ်ကိုယ်လုံးရွှဲနစ်နေလျက် ... ။

ကားထဲမှ အေးမြလတ်ဆတ်သော အဲကွန်းလေသည် ထိုလူ့အပေါ်တွင် အနည်းငယ်မျှပင် သက်ရောက်မှုမရှိတော့သကဲ့သို့ ... ။

ထိုလူ၏မျက်လုံးအကြည့်များက ပင်လယ်သမုဒ္ဒရာရေအောက်သဖွယ် စူးရှနက်ရှိုင်းနေကာ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပိတ်ထား၏။ ထင်းနေသော မေးရိုးများအရ ထိုလူသည် တစ်စုံတစ်ခုကို ကြိတ်မနိုင်ခဲမရဖြစ်ကာ အံကြိတ်ထား‌ပုံပင်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now