အပိုင်း ( ၂၇ ) ( Unicode )

2.3K 293 0
                                    

ဒီဇင်ဘာ ၃၁ရက်နေ့ဖြစ်၏။

တစ်ကမ္ဘာလုံး နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကားကားကျင်းပကြမည့်နေ့ဖြစ်သည့်အလျောက် လူတိုင်းနီးပါး စိတ်ဓာတ်ခွန်အားတက်ကြွနေကြ၏။

မနက်ခင်းတစ်လျှောက်လုံးက သာမန်နေ့တစ်နေ့လို ထူးခြားမှုသိပ်မရှိပေမဲ့ တဖြည်းဖြည်းအမှောင်ရိပ်သန်းလာသည်နှင့်အမျှ လူတွေရဲ့မျက်နှာထက်မှာ ပျော်ရွှင်မှု၏အရိပ်အယောင်က ကြီးစိုးလာကြသည်။

ည ၇နာရီအချိန်ခန့် ... ။

တိုက်ငါးလွှာအခန်းငယ်လေး၏ဝရန်တာဆီမှ ချစ်သူနှစ်ဦး၏ ကြည်နူးစရာကောင်းသော၊ ချိုမြိန်သော တစ်တီတူးသံလေးက ရယ်သံလွင်လွင်လေးနှင့်အတူ ပျံ့လွင့်လာသည်။

“ မောင် ဒီည ဘယ်သွားဖို့အစီအစဉ်ရှိလဲ ”

“ မောင် ဒီည ဘယ်မှ မသွားဘူး ... အိမ်မှာပဲ အိပ်မှာ ... ဇလပ်ရော ဘာလုပ်ဖို့အစီအစဉ်ရှိလဲ ”

“ အိမ်မှာပဲ သူငယ်ချင်းတွေ စုပြီး မုန့်လုပ်စားကြမလို့ မောင်ရဲ့ ... အခုတောင် သူတို့ကို ခဏထားခဲ့ပြီး မောင်နဲ့စကားလာပြောနေတာ ... မောင်ရော ဇလပ်တို့ဆီလာဦးမလား ... လာမယ်ဆို မုန့်ချန်ထားပေးမယ်လေ ”

ချစ်သူလေး၏စကားကြောင့် လေးဆက်ရဲ့မျက်နှာထံ အပြုံးတွေ တန်းစီပေါ်ပေါက်လာသည်။

“ တော်ပါပြီဗျာ ... ဇလပ်တို့ပဲ အေးဆေးပျော်ကြပါ ... မောင်လာရင် ဇလပ်တို့ နေရထိုင်ရခက်ဦးမယ် ... ပြီးတော့ မောင်က ညဆို စောစောအိပ်တတ်တာ ဇလပ်သိရဲ့သားနဲ့ ... ”

တစ်ဘက်လူရဲ့ကြည်လင်နေသည့် ရယ်သံလေးကို ဖုန်းထဲကနေ မတိုးမကျယ်ကြားလိုက်ရသည်။

“ ဟုတ်ပါပြီ ... ဟုတ်ပါပြီ ... ကိုလူလိမ္မာကြီးရဲ့ ... ဒါဆိုလည်း ဇလပ်ဖုန်းချလိုက်တော့မယ်နော် ... မောင် စောစောအိပ်တော့ ... ဂွတ်နိုက် ”

“ အင်း ... ဂွတ်နိုက် ... ဒါပဲနော် ဇလပ် ”

စကားပြောလို့ပြီးဆုံးသွားသည့်ဖုန်းလေးကို ကြည့်ရင်း လေးဆက် ပြုံး‌မိနေတုန်းဖြစ်သည်။ သူ့ရဲ့အပြုံးတွေက ဒီနေ့မှ ပို၍ပင် အသက်ဝင်နေသလို။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Donde viven las historias. Descúbrelo ahora