အပိုင်း ( ၆၄ ) ( Unicode )

2K 260 45
                                    

ဒီနေ့တော့ လေးဆက်တစ်ယောက် မနက်စောစောအိပ်ရာထကာ အိမ်သို့ ပြန်လာခဲ့သည်။

ပြောရမည်ဆိုလျှင် ဈာန် ဆေးရုံစတက်ကတည်းက သူလည်း အိမ်မပြန်ဖြစ်တော့ဘဲ ဆေးရုံမှာပဲ နေ၊ ဆေးရုံမှာပဲ စား၊ ဆေးရုံမှာပဲ အိပ်ပြီး ဈာန့်ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်မှာ ဒီနေ့နဲ့ဆို သုံးရက်တောင် ရှိသွားခဲ့ပြီဖြစ်သည်။

ဆေးရုံမှာနေခဲ့သည့် သုံးရက်တာကာလတစ်လျှောက်လုံး ဈာန်က သူ့ကို မျက်စိအောက်မှ လုံးဝအပျောက်မခံပေ။ အခန်းထဲမှာ သူ ခဏလောက်မရှိတော့သည်နှင့် ဈာန်က သူ့နာမည်ကို တကြော်ကြော်အော်ခေါ်ကာ သူ ပြန်မလာမချင်း သောင်းကျန်းတတ်သည်။

ဈာန်ရောင်ခဟူသောအမျိုးသားလေး စိတ်မကြည်တော့ဘူးဆိုလျှင် ထို VIP Floor မှ ဆရာဝန်များနှင့် သူနာပြုဆရာမများခမျာ အနားမရတော့ပေ။ ထို့အပြင် ဆေးရုံအုပ်ကြီးပါ အငြိမ်မနေရဘဲ ဈာန့်စိတ်ကြိုက်အတိုင်း လိုက်လုပ်ပေးရလေသည်။ ထိုမျှအထိ ဈာန်က ဆိုးသွမ်းလွန်း၏။

ညဘက် အိပ်စက်အနားယူသည့်အခါတိုင်းလည်း ဈာန်လည်း အိပ်ရာခွဲအိပ်ရသည်ကိုလုံးဝသဘောမကျ။ ပထမညကတည်းမှစ၍ အိပ်မည်ပြင်သည့်အခါတိုင်း ဈာန်က သူ့ကို ရင်ခွင်ထဲထည့်ပြီးမှ အိပ်လေ့ရှိသည်။

ဈာန့်ဒဏ်ရာတွေ နာကျင်မည်စိုး၍ သူ အမျိုးမျိုးဖြောင်းဖျသော်ငြား ဘယ်လိုမှပြောမရသည့်အဆုံး သူလည်း ဈာန့်ရင်ခွင်ထဲ၌ပင် အမြဲလိုလို အိပ်စက်ရသည်။ ဈာန့်ရင်ခွင်ကျယ်ကြီးက သူ့အတွက်တော့ သိပ်ကိုနွေးထွေးလွန်းလှသဖြင့် ညတိုင်းလိုလို သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေသည်။

အိမ်မပြန်ရတာလည်း ရက်အနည်းငယ်ကြာခဲ့ပြီ။ ထို့အပြင် ဟိုရက်တွေတုန်းက နောင်ခန့်ယူလာပေးသည့် သူ့အကျီအဝတ်အစားများကလည်း မလောက်ငှတော့သည်မို့ အိမ်ကို တစ်ခေါက်ပြန်ကာ ယူရဦးမည်။

နောင်ခန့်ကိုလည်း ထပ်ဒုက္ခမပေးချင်တော့သဖြင့် ကိုယ့်အားကိုယ်ကိုးဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဒီမနက်တော့ သူ အိမ်ကိုပြန်မှဖြစ်မည်မို့ မနက်စောစောထကာ အိမ်သို့မဖြစ်မ‌နေပြန်လာခဲ့ရခြင်းပင်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now