အပိုင်း ( ၃၃ ) ( Unicode )

2.4K 311 6
                                    

မိုးနံ့လေနံ့တို့ ပျံ့လွင့်နေသည့် ညတစ်ည ... ။

ကောင်းကင်ယံတစ်ခုလုံး မှိုင်းညှို့နေကာ တိမ်စိုင်တိမ်မည်းတို့ကသာ အစဉ်ဖုံးလွှမ်းထားသဖြင့် လမင်းကြီးကတောင် ပုန်းကွယ်နေရသည်။ ရွာမလိုဟန်ပြင်နေသော မိုးတိမ်ထုထည်ကြောင့် အအေးဓာတ်က အပြင်ဘက်မှာ အနည်းငယ်လွင့်ပျံ့နေလျက်ရှိသည်။

လူတကာအိပ်မောကျနေသည့်အချိန်ဖြစ်သည့်အလျောက် လမ်းမ‌ပေါ်၌ မည်သည့်အသံကိုမှမကြားရဘဲ ပကတိတိတ်ဆိတ်ငြိမ်သက်လျက်သား။ လူသွားလူလာကင်းမဲ့နေသဖြင့် လမ်းမီးတိုင်မှ အလင်းရောင်တို့သည်ပင် အနည်းငယ်အဖော်မဲ့နေသယောင်။

ထိုစဉ် အားကောင်းသည့် တိတ်ဆိတ်မှုထုထည်ကို ဖောက်ထွင်းထွက်ပေါ်လာသည်က ငါးလွှာတိုက်ခန်းငယ်တစ်ခုဆီမှ ဖုန်းမြည်သံ ... ။

လေးဆက်တစ်ယောက် နှစ်နှစ်ချိုက်ချိုက်အိပ်မောကျနေစဉ် နားထဲသို့ ရင်းနှီးကျွမ်းဝင်နေသည့်ဖုန်းမြည်သံတစ်ခုက စူးရှစွာတိုးဝင်လာသည်။ အကြားအာရုံ၏လှုံ့ဆော်မှုကြောင့် လက်တစ်ဖက်က အလိုလိုဖုန်းရှိရာသို့ စမ်းကြည့်မိသွားသည်။

ဖုန်းကို ကိုင်မိတော့ တစ်ဖက်က ဖုန်းကျသွားသည်ထင့်။ မည်သည့်အသံမှ ဆက်ထွက်မလာတော့။ လေးဆက်ကတော့ အိပ်ချင်စိတ်တို့ မင်းမူနေသေးသဖြင့် အခုထိ မျက်လုံးတို့က ပွင့်မလာသေး။

ထိုစဉ် နောက်တစ်ကြိမ်ဖုန်းမြည်သံထွက်ပေါ်လာသဖြင့် မျက်လုံးပင်မဖွင့်နိုင်ဘဲ ဖုန်းကို အလျင်အမြန်ကောက်ကိုင်လိုက်သည်။

“ ဟဲ ... လို ... ”

အိပ်ချင်မူးတူးအသံဖြင့် ပြောလိုက်မိသလားဆိုတာကိုပင် သတိမမူမိလောက်သည့်အထိ အိပ်ချင်စိတ်တို့က အလွန်အမင်းလွှမ်းမိုးထားသည်။

“ ဖုန်းကိုင်တာ ဘယ်သူလဲ ”

တစ်ဖက်ဖုန်းထံမှ ခပ်မာမာ ခပ်ထန်ထန်သက်ကြီးပိုင်းအသံမျိုးထွက်ပေါ်လာသဖြင့် လေးဆက် အိပ်ချင်နေသည့်ကြားက ပိုစိတ်ဆင်းရဲသွားရသည်။

ဒီလူက ဘာလဲဟ ... ရူးနေတာလား ... သူကပဲ စဆက်သေးတယ် ... ပြီးတော့ သူကပဲ ငါ့ကို ဘယ်သူလဲဆိုပြီး မေးသေးတယ် ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now