အပိုင်း ( ၁၅ ) ( Unicode )

3.1K 421 57
                                    

ဒီနေ့ရဲ့မိုးကောင်းကင်ကြီးက အရင်နေ့တွေနဲ့မတူဘဲ အနည်းငယ် အုံ့ဆိုင်းဆိုင်းဖြစ်ကာ ညိုးငယ်နေသည့်ပုံပေါက်နေသည်။

လေပြည်အဝှေ့တွင် ဖြုတ်ခနဲ့ ကြွေကျလာသော သစ်ရွက်လေးများက တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် ပြန့်ကြဲနေလျက်ရှိသည်။

ညင်ညင်သာသာတိုက်ခတ်လာသော လေပြည်တို့တွင် ဆောင်းရာသီ၏အရိပ်အမွတ်ဖြစ်သော အေးမြမှုတို့ အနည်းငယ်ပါဝင်နေကြောင်း လေးဆက်ရဲ့အေးစက်နေသော လက်ဖျားလေးက သက်သေခံနေသည်။

လှည်းတန်းကနေ နိုင်ငံခြားဘာသာတက္ကသိုလ်ရှိရာသို့ သွားရာလမ်းဖြစ်‌သော တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် လမ်းလျှောက်ရင်း လေးဆက် သီချင်းနားထောင်နေမိသည်။

လှပတဲ့လမ်းမထက်မှာ သံစဉ်ကောင်းတစ်ပုဒ်‌နားထောင်ပြီး အေးမြတဲ့လေပြည်ရဲ့‌ကျီစယ်မှုနဲ့အတူ လမ်းလျှောက်ရတာ ဘဝရဲ့ရသတစ်မျိုးလို့ လေးဆက် မှတ်ယူထားသည်။

နားမှတဆင့် နှလုံးသားထဲ တဖြည်းဖြည်းစီးဆင်းလာတဲ့ သံစဉ်တွေက လေးဆက်ရဲ့ရှေ့ဆက်လျှောက်လှမ်းမဲ့ခြေလှမ်းတိုင်းအတွက် အထောက်အကူပြုပေးနေသယောင်ယောင်။

ဒီနေ့မှ ထူးထူးခြားခြား လေးဆက် ကျောင်းကိုသွားရတာ အရင်ကနဲ့မတူဘဲ စိတ်ထဲလေးလံနေသလို ခံစားနေရသည်။ တစ်စုံတယောက်က မသွားပါနဲ့လို့ ဆွဲထားသလိုမျိုး။ ဒါပေမဲ့ ကတိဆိုတာ ပေးပြီးရင် တည်ရစမြဲမို့ ‌ဒီနေ့ လေးဆက် ကျောင်းကို အရောက်လာခဲ့ခြင်းဖြစ်သည်။

ကျောင်းဂိတ်ပေါက်ရောက်လာတော့လည်း အရာအားလုံးဟာ အရင်အတိုင်း မထူးမခြားနားပင်။ ဒါပေမဲ့ လေးဆက်ရဲ့စိတ်ထဲမှာကတော့ ဘာမှန်းမသိတဲ့တစ်ခုခုကြောင့် တစ်ဆို့ဆို့ကြီး ခံစားနေရသည်။ ဘာလိုလိုနဲ့ လမ်းလျှောက်လာလိုက်တာ ခြေလှမ်းတွေက COE Hall သို့ ခေါ်ယူသွားမှန်း လေးဆက် ကိုယ်တိုင်ပင် သတိမထားမိချေ။

COE Hall ရှေ့ကို ရောက်တော့ အထဲမဝင်သေးဘဲ အပြင်ကနေ အခြေအနေကို အရင်ဆုံးအကဲခတ်လိုက်သည်။

အထဲကို လှမ်းကြည့်လိုက်တော့ ရုရှားမေဂျာက ကလေးတွေ၊ ဆရာမတွေ စုံစုံလင်လင်ရောက်ရှိနေတာကို တွေ့လိုက်ရပြီး စီမံညွှန်ကြားနေကြသည့်လူတွေကလည်း ပျားပန်းခပ်တမျှ သွားလာလှုပ်ရှားကာ အလုပ်ရှုပ်နေကြသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now