ကျေးဇူးတင်လွှာ ( ေက်းဇူးတင္လႊာ )
1.3K 130 56
မင်္ဂလာပါ။
ပြောရမယ်ဆိုရင် ဘာလိုလိုနဲ့ ကိုယ့်ရဲ့ပထမဆုံးဝတ္ထုတစ်ပုဒ်ပြီးသွားပြီပေါ့နော်။ ကိုးလ‌ကျော် ကြာခဲ့တဲ့ခရီးစဥ်အရှည်ကြီးကို အစကနေ အဆုံးထိ မငြီးမငြူလိုက်လာပေးတဲ့အတွက် စာဖတ်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
Silent Reader ဖြစ်စေ၊ Vote ပေးခဲ့သည်ဖြစ်စေ၊ Comment ပေးခဲ့သည်ဖြစ်စေ၊ Review ပေးခဲ့သည်ဖြစ်စေ၊ Feedback ပေးခဲ့သည်ဖြစ်စေ ကိုယ့်ဝတ္ထုလေးကို ဖတ်ပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်။
" လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် "က ကိုယ့်ရဲ့ပထမဆုံးဝတ္ထုဖြစ်တာနဲ့အညီ အရေးအသားအဆင်မချောတာ၊ စာလုံးပေါင်းအနည်းငယ်မှားယွင်းတာမျိုးတွေ ရှိသွားခဲ့ရင်လည်း စာဖတ်သူတွေကပဲ ကိုယ့်ကို ခွင့်လွှတ်ပေးကြပါ။
နောက်တခြားဝတ္ထုတွေကျရင်တော့ ဒီထက်အရေးအသားပိုကောင်းအောင် ကိုယ် ကြိုးစားပါ့မယ်။ ပြောထားဖူးတဲ့အတိုင်း လွမ်းရိပ်ငွေ့အဆုံးသတ်သွားပြီဆိုတော့ လရောင်ဖြာကို ခရီးဆက်ကြတာပေါ့နော်။ ဒါပေမဲ့ ကိုယ် ခဏလောက်တော့ နားပါဦးမယ်။
အကယ်၍များ စာဖတ်သူ‌တို့က ကိုယ့်ဝတ္ထုလေးကို Wattpad ဂရုတွေထဲမှာ Review ပေးဖြစ်မယ်ဆိုရင် အထူးသဖြင့် အပိုင်း (၅၁) နဲ့ ဇာတ်သိမ်းပိုင်းကိုတော့ Spoil မဖြစ်အောင် ရှောင်ပေးစေချင်ပါတယ်။
ပြီးတော့ စာဖတ်သူတွေဆီကနေ " လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် " အတွက် ခံစားချက်မေတ္တာစာလွှာလေးတွေကို တောင်းဆိုပါရစေ။ ဇာတ်လမ်းကိုပဲဖြစ်‌ဖြစ်၊ ဇာတ်ကောင်တွေကိုပဲဖြစ်ဖြစ် ရပါတယ်။ အဲဒီမေတ္တာစာလွှာလေးတွေကို အမှတ်တရအနေနဲ့ ကိုယ် သိမ်းထားချင်လို့ပါ။
ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲ " လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် " ကနေ စာဖတ်သူအားလုံးကို နှုတ်ဆက်လိုက်ပါတယ်။
စာဖတ်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ချစ်ခင်မြတ်နိုးရတဲ့လူနဲ့အတူ ဘဝလမ်းခရီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ သက်ဆုံးတိုင် ဖြတ်သန်းနိုင်ကြပါစေရှင်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
မဂၤလာပါ။
2:47 P.M
5.10.2021 ( Tuesday )
လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Donde viven las historias. Descúbrelo ahora