အပိုင်း ( ၂၀ ) ( Unicode )

3K 402 23
                                    

မနက်ခင်းအ‌စောပိုင်းချိန်ခါက ငှက်လေးတွေရဲ့ ကျီကျီကျာကျာအော်သံနှင့် အေးဆေးသာယာခဲ့ရသလောက် အချိန်တဖြည်းဖြည်းကြာလာလေ လေးဆက်တို့အိမ်ရှိ လူအားလုံး ကသိုက်ကရိုက်နှင့် ဗျာများကြလေဖြစ်သည်။

ဒီနေ့က လေးဆက် ဘွဲ့ယူရမည့်နေ့ဖြစ်သည်။ ထို့ကြောင့် တစ်အိမ်လုံးပွက်လောရိုက်နေကြခြင်းဖြစ်သည်။ ဘွဲ့ယူရမည့်လေးဆက်ကတော့ အပူအပင်ကင်းနေပေမဲ့ အိမ်ရှိ မိန်းမသားသုံးယောက်ကတော့ အရမ်းကို အလုပ်တွေရှုပ်နေကြသည်။ အထူးသဖြင့် တီနှင်း။

မနေ့က ရီဟာဆယ်ပွဲကို‌‌တော့ ဘွား ပင်ပန်းနေမှာစိုး၍ လေးဆက်ဘာသာ တစ်ယောက်တည်းသွားကာ သူငယ်ချင်းတွေနှင့် ဘာအခက်အခဲမှမရှိဘဲ ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့သည်။ ဒီနေ့တော့ လေးဆက် ဘွဲ့ယူမည့်နေရာဆီသို့ ဘွားတို့သုံးယောက်လုံးပါ လိုက်မည်ဖြစ်သည်။

လေးဆက် ဘွဲ့ယူမည့်ရက်မှာ ဝတ်ဆင်ရန်အတွက် ဝတ်စုံများကို ဘွား၊ တီနှင်းနှင့် မြတ်ကလေးတို့က ရွာကနေ တစ်ခါတည်းဆင်တူချုပ်လာကြခြင်းဖြစ်သည်။

ဘွားက ဆင်စွယ်ရောင်အကျီရင်ဖုံးလက်ရှည်နှင့် ထဘီမှာ ကနုတ်များ အဆင်တန်ဆာခြယ်ထားသည့် ထဘီလေးကို ဝတ်ဆင်ထားပြီး အရမ်းကိုကျက်သရေမင်္ဂလာအ‌ပေါင်းနှင့်ပြည့်စုံနေသည်။ ထို့အပြင် ကွယ်လွန်သွားသည့်အစ်မလတ်တို့လင်မယားနှင့် တူဖြစ်သူလင်မယားအား အောက်မေ့သတိရကာ ဝမ်းသာမျက်ရည်ဝဲနေသည်။

တီနှင်းကတော့ ဆင်စွယ်ရောင်ရင်စေ့ဝမ်းဆက်ကိုမှ ခါးတင်လေးချုပ်ဝတ်ထားတော့ ဝတ်စုံလေးက တီနှင်းရဲ့မယ်ဗမာကိုယ်လုံး‌လေးနှင့် အရမ်းကိုအချိုးကျလှပနေသည်။

မြတ်ကလေးကလည်း ဆင်စွယ်ရောင်ဂါဝန်ကားကားလေးနှင့် ဖြစ်နေတော့ ကလေးပိစိပေါက်စလေးလို အရမ်းချစ်စဖွယ်ကောင်းနေသည်။ ထို့အပြင် ဘွဲ့ယူရမည့်နေရာဖြစ်သည့် ရန်ကုန်တက္ကသိုလ်ဝင်းထဲ သွားရမည်ဖြစ်သဖြင့် သူ အရမ်းပျော်ရွှင်နေကြောင်း မြတ်ကလေးက လေးဆက်ကို တီးတိုးပြောလာသည်။

လေးဆက်အတွက် ဘွဲ့ဝတ်စုံကို တီနှင်းက ကူဝတ်ပေးသည်။ သူကတော့ အောက်ခံလည်ကတုံးလက်ရှည်အဖြူကိုမှ အောက်က နက်ပြာရောင်ပုဆိုးသစ်သစ်လွင်လွင်လေးနဲ့ တွဲဝတ်ထားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အပေါ်က ဘွဲ့ဝတ်စုံဖုံးလိုက်ရင် ဘာမှသိပ်မြင်ရတော့မှာမဟုတ်ဘူးလေ။ ဘွဲ့ဦးထုပ်ကိုတော့ မဆောင်းသေးဘဲ လက်မှာတင် ကိုင်ထားကာ အောက်ဆင်းဖို့ပြင်သည့်အချိန်တွင်

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now