အပိုင်း ( ၅၂ ) ( Unicode )

2.1K 283 26
                                    

ဒီနေ့က တက္ကသိုလ်ကျောင်းသူဘဝရဲ့ပထမဦးဆုံး စာမေးပွဲနေ့ရက်ဖြစ်သောကြောင့် သဇင်ဥတစ်ယောက် အရမ်းကို စိတ်လှုပ်ရှားနေမိသည်။

စာမရတာလည်း မဟုတ်ဘဲနဲ့ အလကားနေရင်းကို ရင်တုန်နေတာက ထူးဆန်းသည်။ တစ်ခုတော်သေးသည်က တက္ကသိုလ်ပထမနှစ်များအနေနှင့် ယခုလို ပထမဆုံးရက်တွင် ဖြေရမှာက အဓိကမေဂျာဘာသာရပ်များမဟုတ်ဘဲ မြန်မာစာဖြစ်နေခြင်းပင်။

နို့မို့ဆို ခက်ခဲလှသည့် မေဂျာဘာသာများကို ထိုင်နွေးနေရတာနှင့်ပင် ရင်တုန်ချိန်ရှိလိုက်မှာမဟုတ်။ အခုက မြန်မာစာဆိုတော့ စာမေ့သွားရင်တောင် ရမ်းရွှီးရုံသာ။

ကျောင်းသို့ သွားခါနီး လိုအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသားကတ်အစရှိသည်တို့ လွယ်အိတ်ထဲ ပါ၊ မပါ တစ်ချက်ပြန်စစ်ဆေးပြီးနောက် အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။

ဆင်ဝင်အောက်သို့ ဇင်ဇင် ခြေချရုံပင် ရှိသေး။

ပွမ် ! ပွမ် ! ပွမ် !

“ ဟဲ့ ! ပလုတ်တုတ် ! ဘာလဲဟ ... လန့်လိုက်တာ ”

လူက စာမေးပွဲကြောင့် ရင်တုန်နေသဖြင့် ဘယ်အချိန်ကတည်းက ဆင်ဝင်အောက်၌ ထိုးရပ်ထားမှန်းမသိသည့် ကားနက်ပြာ‌လေးကိုလည်း မမြင်မိလိုက်ပေ။

ထို့အပြင် ရုတ်တရက်ကြီးထွက်‌ပေါ်လာသည့် ကားဟွန်းတီးသံအကျယ်ကြီးကြောင့် ဇင်ဇင်တစ်ယောက် ကျက်ထားသည့် စာတွေကိုပါ မေ့တေ့တေ့ဖြစ်သွားသည်။

“ တက် ! ”

ထိုစဉ် ကားမှန်ကို ဖွင့်ကာ တစ်ခွန်းတည်းသောစကားကို ခပ်တည်တည်ဆိုလာသူက ဈာန်ရောင်ခ ... ။

ဒင်းမျက်နှာကို မြင်လိုက်ရကတည်းက ဇင်ဇင် စိတ်တွေ ရှုပ်ထွေးသွားရသည်။

ဒီကောင် မနက်အစောကြီး ဘာလာလုပ်ရပြန်တာလဲ။

မဟုတ်မှလွဲရော အန်ကယ်လေးနဲ့ ရန်ဖြစ်လာပြန်ပြီလား။

ဇင်ဇင် လက်မှာ ပတ်ထားသည့် နာရီကို ငုံ့ကြည်မိတော့ အချိန်က မနက် ၇နာရီစွန်းစွန်းမျှသာ ရှိသေးသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now