အပိုင်း ( ၂၃ ) ( Unicode )

2.3K 317 13
                                    

ဒီနေ့တော့ လေးဆက်တို့အုပ်စု ကျောင်းကို စောစောစီးစီးရောက်လာခဲ့ကြသည်။

‌အချိန်အားဖြင့် ကိုးနာရီ ... ။

တက္ကသိုလ်ဝင်းထဲ ခြေချလိုက်သည်နှင့် ဖုံးလွှမ်းလာသည်က သင်္ကြန်၏အငွေ့အသက် ... ။

နွေလေရူးနှင့်အတူ ပျံ့လွင့်လာသည်က စင်မြင့်ထက်ဆီက သင်္ကြန်တေးသီချင်းသံတွေ ... ။

YUFL ၏နေရာတိုင်းလိုလိုမှာ သင်္ကြန်နှင့်ပတ်သတ်သည့်အလှဆင်ယင်မှုတွေနှင့် ပြည့်နှက်နေသည်။

လူတိုင်း လူတိုင်း၏မျက်နှာထက်မှာ အပြုံးတွေကိုယ်စီနှင့် ရွှင်မြူးနေကြသည်။ ဆရာ၊ ဆရာမများရဲ့မျက်နှာထက်မှာလည်း အပြုံးပန်းတွေက ဝေဝေဆာဆာ။ ဒီနေ့မှာ အရာအားလုံးက ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံနေသည်။

လေးဆက်တို့အုပ်စုလည်း ကျောင်းထဲရောက်ရောက်ချင်း စင်မြင့်ရှိမည့် COE ဘက်သို့ ခြေလှမ်းတွေကို အလိုလိုဦးတည်မိလိုက်သည်။

COE ဆောင်ရှေ့ရှိ မြေကွက်လပ်တွင် ဆောက်ထားသော စင်မြင့်ကြီးကို မြင်မြင်ချင်း မေမြတ်နှင့် ဥဥတို့ အပျော်တွေကို မထိန်းနိုင်တော့ဘဲ စင်မြင့်ရှိရာဆီသို့ အပြေးသွားကြလေသည်။

မနက်ခင်းချိန်ခါဖြစ်သောကြောင့် စင်မြင့်ရှေ့တွင် ခင်းကျင်းထားသော ထိုင်ခုံများတွင် ပါ‌ချုပ်အပါအဝင် မေဂျာအသီးသီးမှ ဆရာ၊ ဆရာမများက ထိုင်နေပြီး စင်မြင့်ထက်တွင် သီဆိုဖျော်ဖြေနေကြသူများအား ကြည့်ကာ လက်ခုတ်လက်ဝါးတီးရင်း စည်းချက်လိုက်နေကြသည်။

COE ဆောင်နား တဖြည်းဖြည်းနီးကပ်လာတော့ ပျံ့လွင့်လာသည်က သင်္ကြန်မိုးသီချင်း ... ။

မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ...
ကူးပြောင်းစ တန်ခူးလေမှာ ...
တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖြန်းပက်ကြစဉ် ...
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ...

ခေါင်းကလေးမော့လို့ ...
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ...

ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ ...
ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေထဲ ...
ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို ...
ပန်ဆင်ပါရင် လှသတဲ့တင့်မှာမို့ ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now