အပိုင်း ( ၂၉ ) ( Unicode )

2.3K 304 7
                                    

ကောင်းကင်ကြီးတစ်ခုလုံးက မိုးရာသီပီသစွာပင် မှိုင်းညှို့‌အုံ့ဆိုင်းနေလေသည်။ တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းတိုက်လိုက်သော လေများက အခန်းပြတင်းပေါက်များကို အရှိန်ဖြင့်ဝင်ဆောင့်ကြသည်။

တက္ကသိုလ်ဝင်းအတွင်း သစ်ပင်များကလည်း လေယူရာ ယိမ်းယိုင်နေကြသည်မှာ ကကြိုးဆင်‌နေသူများသဖွယ်။

ဤအခြင်းအရာသည် မကြာမီအချိန်အတွင်း မိုးသည်းထန်စွာရွာသွန်းတော့မည့်လက္ခဏာပင်ဖြစ်သည်။

နေ့လယ်ခင်း၂နာရီခန့်သာ ရှိသေးသော်ငြား နေအလင်းရောင်တို့က တစိုးတစိမျှ ရှိမနေဘဲ ပျောက်ကွယ်နေကာ မည်းမှောင်သော တိမ်စိုင်တိမ်လိပ်များကသာ ကောင်းကင်တစ်ခွင်တွင် ဖြန့်ကျက်ကာ အလုအယက်နေရာယူထားလျက်ရှိသည်။

သို့သော် ပြင်ပမှာ ဖြစ်ပျက်နေသည့်သဘာဝတရား၏ပြောင်းလဲမှုများကိုမူ အလင်းရောင်ထိန်ထိန်သာနေသည့်အခန်းတွင်းမှ လူများက သိပ်သတိမမူကြချေ။

ယခုအတန်းချိန်ဝင်မည့်ဆရာမက ကျောင်းမလာသဖြင့် အတန်းသားတွေ အကုန်လုံးလွတ်လပ်ရေးရနေကြသည့်အတွက် စကားသံများက လေတိုးသံများကို ကျော်လွန်တော့မတတ် ပွက်ပွက်ညံနေသည်။

“ လေးဆက် ”

ပုခုံးကို ခပ်ဆတ်ဆတ်ပုတ်လာသူကြောင့် လေးဆက် စာရေးနေရာကနေ မော့ကြည့်လိုက်သည်။

“ ဘာလဲ ”

မေးခွန်းထုတ်လိုက်ပြီးနောက် သူလည်း ရေးစရာရှိသည့်စာကို ဆက်လက်ရေးသားနေပြီး နားစွင့်ထားမိ၏။

“ ဒီနေ့လယ် ငါတို့ တီချယ့်ဆီ သွားရမယ်လေ ... ငါ မနေ့ကတည်းက အဲ့အကြောင်း သတိပေးထားတယ်နော် ... မင်း မေ့နေတာလား လေးဆက် ”

စာရေးနေသည့်လေးဆက်၏လက်က ရုတ်ချည်းရပ်တန့်သွားရသည်။ အဲဒီနောက် အနည်းငယ်တွေဝေသွားပြီး ဘာမှမဖြစ်သလိုဟန်ဖြင့်

“ မနက်ဖြန် ... မနက်ဖြန်မှ သွားမယ် ”

ထိုကဲ့သို့ ပြောပြီးနောက် စာဆက်ရေးမည်ကြံသော်ငြား ဘောပင်ကို ကိုင်ထားသည့်လက်က တုတ်တုတ်မျှပင်မလှုပ်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now