1 (Arc 1)

99.4K 3.7K 116
                                    

ချင်းယွင်က သူဗီလိန်ဖြစ်ခဲ့ကြောင်း မသိခဲ့ချေ။

သူ့ခေါင်းထဲတွင် စူးခနဲနာကျင်မှုခံစားရပြီး စတင် ချောင်းဆိုးချိန်တွင် သူသည် တောင်တစ်လုံးပေါ်တွင် လင်းရှီစွမ်းအင်ဖြင့် ထောက်ပံ့ပေးထားသော ဝှီးချဲပေါ်၌ ထိုင်နေဆဲသာဖြစ်သည်။ (လင်းရှီဆိုတာ စွမ်းအင်တစ်မျိိုး ထုတ်ပေးနိုင်တဲ့ ကျောက်တုံးအမျိုးအစားပါ။ ကျင့်ကြံရေးပစ္စည်း )

ချောင်းတစ်ခါ ဆိုးမိလျှင် နောက်ထပ်ဆက်တိုက် ချောင်းဆိုးလာသည်။ တောင်ခြေတွင် စစ်တိုက်ရန် အဆင်သင့်ဖြစ်နေသော လက်နက်ကိုင် စစ်သည် သိန်းပေါင်းများစွာက တစ်ယောက်မျှပင် မရွေ့ရဲဘဲ ချင်းယွင်ချောင်းဆိုးသည်ကိုသာ စောင့်ကြည့်နေကြသည်။

"အဲ့ဒီ့ မကောင်းဆိုးဝါးအိုကြီးရဲ့ ခန္ဓာကိုယ်က ဒီ့ထက်ပိုပြီး တောင့်မခံနိုင်တော့ဘူး။" ဦးဆောင်လာသူက သူ့စစ်သားအုပ်စုကြီး ယုံကြည်မှုတိုးလာရန် ဓားရှည်ကို မြှောက်လိုက်သည်။ "လူတိုင်းပဲ၊ ငါတို့ စည်းလုံးစွာနဲ့ သူ့ကို ဒီနေ့တော့ သတ်ရမယ်။ "

အရှင်သခင်ချင်းယွင်က တိုးညှင်းစွာရယ်လိုက်သည်။ သူ့လက်ထဲရှိ သွေးစွန်းနေသော ပိုးသားလက်ကိုင်ပဝါက တိတ်တဆိတ် လောင်ကျွမ်းသွားသည်မှာ အမှုန်လေး တစ်မှုန်ပင် မကျန်ခဲ့ချေ။

" မင်းက အယောက်၁၀၀မြောက်ပဲ။ "

လေးလံထိုင်းမှိုင်းသောအသံက ဓားကိုမြှောက်တင်ထားသည့်ဦးဆောင်သူ၏နားထဲ ဖြတ်သွားသောအခါ ၎င်းမျက်ဝန်းထဲတွင် ကြောက်ရွံမှုနှင့်အတူ တုန်လှုပ်သွားရသည်။

ချင်းယွင်က ဗီလိန်တစ်ယောက်ဖြစ်ခဲ့သည်။ မနေ့ကအထိ ဗီလိန်၏ အဓိပ္ပာယ်ကို သူ့နားမလည်သေးပေမယ့်လို့ပေါ့။

မနေ့ကအထိ ၉၉ယောက်သော ကံကြမ္မာ၏သားတော်များ (ဇာတ်လိုက်များ) သူ့လက်အတွင်း သေဆုံးကြသည်ကို ကောင်းကင်ဘုံကျင့်ကြံသူမှ စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ ၎င်းက သည်းမခံနိုင်တော့ဘဲ ချင်းယွင်၏ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထွက်ခွာသွားရန် တွန်းအားပေးခဲ့သည်။ သူ့ကိုနောက်ဘဝ ဝင်စားစေရန် ထိန်းချုပ်ကာ တစ်ကမ္ဘာပြီး တစ်ကမ္ဘာပြင်ဆင်၍ သူ့စွမ်းအားကို ကုန်ဆုံးစေခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now