35

10.8K 1.6K 123
                                    

Lucas ၏မျက်ဝန်းက သွေးလွှမ်းနေသကဲ့သို့ နီရဲတောက်နေသည်။

သူ၏အသိဉာဏ်တုပေါ်မှ ဗီဒီယိုကို မငြီးမငွေ့ကြည့်နေသည်။ Chris ကဗီဒီယိုကို ကြယ်ကွန်ယက်ပေါ် မတင်ခဲ့ပေ။ သို့ရာတွင်ဒုတိယတပ်မ၏ ဗိုလ်မှူး တစ်ယောက်အနေဖြင့် Lucas ကပြည့်စုံစွာ ထောက်လှမ်း၍ရသည်။

သူသည်မျက်နှာပြင်ပေါ်မှ စိတ်ဓာတ်ခိုင်မာပြီးအထင်ကြီးဖွယ် လူငယ်လေးကနာကျင်မှုကို တောင့်ခံနေသည်အား မျက်လုံးမွဲခြောက်ခြောက်ဖြင့် ငေးကြည့်နေသည်။

အရက်ပြင်းပြင်းတစ်ကျိုက် သောက်ပြီးနောက် အရက်က အစာမစားတာကြာပြီဖြစ်သော သူ့အစာအိမ်ကို ထိသွားစေသည်။ Lucas ကသူ့ရင်ဘတ်ထဲမှ နာကျင်မှုေကြာင့် ဆတ်ခနဲတွန့်သွားသည်။

Jorah ကဒီလောက် သန်မာပါ့မလား။ Jorah ကတကယ်ကြီးကို ဒီလောက်သန်မာတယ်လား။ သူကထိုမေးခွန်းကိုပင် ကိုယ့်ကိုယ်ကိုယ် ထပ်ကာထပ်ကာ မေးနေမိသည်။

သူဘယ်လောက် သန်မာတယ်ဆိုတာ မင်းမသိဘူးလား။ Lucas ကခါးသီးစွာ ရယ်မောလိုက်သည်။

Lucas နှင့် Jorah ကမိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့ကြတာဖြစ်ပြီး အနိုင်ကျင့်ခံခဲ့ရသလို ဘဝကလည်း လွယ်ကူမနေခဲ့ပေ။

Lucas က Jorah ကိုအမြဲတမ်းကာကွယ်ပေးခဲ့ပြီး အစားအစာများ၊ အရုပ်များ အတွက် တိုက်ခိုက်ပေးခဲ့သည်။ Jorah ကပျော့ညံ့ပြီး သူအခြားသူများနှင့် တိုက်ခိုက်နေစဉ် သူ့နာမည်ကိုသာ ငိုယိုခေါ်နိုင်ခဲ့သည်။

သို့သော် တစ်ကြိမ်တွင် Lucas ရှုံးသွားသည်။ သူ့ခေါင်းကို သူ့လက်များကြားထဲ ကာထားကာ သူ့အပေါ်ကျရောက်လာတော့မည့် လက်သီးချက်များထံမှ သူ့ကိုယ်သူ ကာထားစဉ် အမြဲတမ်းသူရဲဘောကြောင်ခဲ့သော Jorah ကသူ့ဆီပြေးလာသည်။ သူ့ခန္ဓာကိုယ် သေးသေးလေးဖြင့် Lucas ရှေ့တွင်မားမားမတ်မတ်ရပ်ပြီး ပိန်ပါးတိုသော လက်မောင်းများဆန့်တန်းကာ သူ့ကိုကာထားပေးခဲ့သည်။

"Lucas ကို အနိုင်လာမကျင့်နဲ့"

Jorah ၏ကြည်လင်ပြတ်သားသောအော်သံလေးအား သူမှတ်မိသေးသည်။သူဂရုအစိုက်ဆုံး လူကိုကာကွယ်ချင်လျှင် ထိုပျော့ပျော့ညံ့ညံ့ Jorah က တိကျပြတ်သားလာနိုင်ကြောင်း သူသိခဲ့ရသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now