49 (Arc 5)

15.3K 1.7K 127
                                    

နျင်းချန်ယွမ်၏ စကားလုံးများအားကြားပြီး ပရိသတ်များ ဝေါခနဲ ရယ်ကြတော့သည်။ ဒါ ဘယ်လိုဟာသမျိုးလဲ။ နျင်းချန်ယွမ်ကို ထောက်ပံ့တယ် ဟုတ်လား။ ဘယ်သူက သူ့ကို ထောက်ပံ့ပေးနိုင်ရလောက်အောင်အထိ စွမ်းအားရှိသွားတာလဲ။

' ... ' များ မျက်နှာပြင်ပေါ် ချက်ချင်းပြည့်သွားသည်။

" အဟမ်း။ ငါတို့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်တာ ငါးနှစ်လောက်ရှိသွားပေမယ့် အရှင်သခင်ကြီးက ဟာသတောင်ပြောတတ်နေပြီ။ မဆိုးပါဘူး။ "

"ဘုရားရေ။ အရှင်သခင်ကြီးရဲ့ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ အေးစက်စက်ပုံရိပ်ကြီး ပြိုကျလုဆဲဆဲဖြစ်နေပြီလို့ ငါဘာကြောင့် ခံစားနေရတာလဲ။ "

" အဲ့ဒါလေးကို ချိုမြိန်တယ်လို့ ခံစားနေရတာ ငါတစ်ယောက်ထဲလား။..."

" သွားတွေတောင် ကျင်လောက်အောင် ချိုလွန်းတယ် မဟုတ်လား။ "

"ဒီနေ့ ခွေးစာလေးက အရမ်း အရသာရှိတယ်။ "

ချင်းယွင်က နျင်းချန်ယွမ်ကို အနည်းငယ်အံ့အားသင့်ပုံဖြင့် ကြည့်နေသည်။ သူ၏ ဤလူအား နားလည်မှုအရ သူကဒီအခွင့်အရေးအားယူကာ သူတို့၏ဆက်ဆံရေးအား လူထုထံချပြလောက်မည်ဖြစ်သည်။

နျင်းချန်ယွမ်က ဘာမှထပ်မပြောဘဲ ချင်းယွင်၏ လက်ကိုသာ ညှစ်လိုက်သည်။ ဒါပေါ့ သူလူထုကို ချပြချင်တာပေါ့။ သို့သော် သူအကောင့်တုဖွင့်၍ ပရိသတ်အုပ်စုထဲ မေးကြည့်သောအခါ ချင်းယွင်ပရိသတ်များ၏ တုန့်ပြန်မှုက သူ့အားတွေးတောမိစေသည်။ သူက အချိန်မရွေး ရုပ်ရှင်ကြယ်ပွင့်အဖြစ်မှ အနားယူနိုင်သော်လည်း ချင်းယွင်အတွက်ကကော။ အနုပညာနယ်ပယ်မှ သူ့လမ်းကြောင်းမှာ စတင်ရုံသာ ရှိသေးသည်။

*****

ချင်းယွင်က သူ့တာဝန်ပြီးသွားသော်လည်း အနုပညာရပ်ဝန်းမှ မထွက်ခွာခဲ့ပေ။ သူဤကမ္ဘာမှ သင်ယူခဲ့သော သရုပ်ဆောင်ပညာမှာ နောက်လာမည့် ကမ္ဘာများ၌ အသုံးဝင်လာလိမ့်မည်ဟု သူခံစားနေရသည်။

ချင်းယွင်၏ ပရိသတ်များမှာ သူ့တိုးတက်မှုအတွက် သက်သေခံပင်။ သူတို့ကသူ၏ သရုပ်ဆောင်အရည်အချင်း ပြီးပြည့်စုံလာသည်အထိ အရောင်တင်လာသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ ချင်းယွင်က ရုပ်ရည်၏ ကန့်သတ်ချက်ကို ကျော်လွန်၍ အချို့ဇာတ်ကောင်နေရာများ၌ သရုပ်ဆောင်ရန် ရုပ်ဆိုးဆိုးပြင်နိုင်သည်ကို သူတို့တွေ့ကြုံခဲ့ရသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးDär berättelser lever. Upptäck nu