108

6.4K 1.4K 53
                                    

မောရစ်က တောင်တန်းများဆီသို့ ပြန်ရောက်လာသည်။ သူဤနေရာ၌ အိပ်ရန်ရွေးလိုက်ရခြင်းမှာ ၎င်း၏အောက်၌ အေးစက်သော ဧရာမရေကန်တစ်ခုရှိသောကြောင့်ပင်။ သူ့စိတ်ဝိညာဉ်ထဲမှ ရက်စက်မှုကို မထိန်းနိုင်သည့်အချိန်တိုင်းတွင် သူရေကန်ထဲသို့ ထိုးဆင်းကာ အပြင်ကမ္ဘာမှစွမ်းအားကိုသုံးပြီး သူ့ကိုယ်သူထိန်းလေ့ရှိသည်။

ယခုတစ်ကြိမ်တွင်လည်း မောရစ်အေးစက်သောရေကန်ထဲသို့ အသံတစ်ချက်မထွက်ဘဲ ထိုးဆင်းရာ စူးရှသောလေအေးများက သူ့အကြေးခွံများကြား ဖြတ်သွားကာ သူ့စိတ်ဝိညာဉ်ထဲမှ လောင်ကျွမ်းမှုနှင့် သောင်းကြမ်းလိုစိတ်အား ချေဖျက်နေသည်။

သူ့စိတ်ဝိညာဉ်ထဲမှ တည်ငြိမ်မှုကို ခံစားနေရင်း နောက်ဆုံးတွင်တော့ မောရစ် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ သူသတိရှိစကတည်းက ပြဿနာတစ်ခုရှိခဲ့သည်။ မကြာမကြာတိုင်းတွင် သူ့စိတ်ဝိညာဉ်ထဲမှ နာကျင်မှုကြောင့် သူရူးသွပ်သွားလေ့ရှိသည်။ ထို့ကြောင့် နဂါးမျိုးနွယ်တစ်ခုလုံးတွင် နိုင်လိုမင်းထက်ဆန်သည်ဟူသော ဂုဏ်ပုဒ်တစ်ခုကျန်ခဲ့သည်။

သူသာ သူ့ကိုယ်သူမထိန်းနိုင်လျှင် ဂျွိုက်အားနာကျင်စေမည်ကို တကယ်စိုးရိမ်သည်။

သို့သော် သူ့ကလေးထံမှ ခွဲခွာခဲ့ရခြင်းကလည်း သူ့နှလုံးသားထဲ၌ ပြောပြ၍မရနိုင်လောက်အောင် တမ်းတလာစေသည်။

"မြန်မြန်ပြီးသွားမှာပါ။ ခုနစ်ရက်ပဲ။ မဟုတ်ဘူး...သုံးရက်လောက်ဆို အဆင်ပြေပြီ။" ဤသို့စိတ်ချစေရန်အားပေးနေသော်လည်း မောရစ် သောကမကင်းသေးပေ။ သူ့စိတ်ဝိညာဉ်၏ စွမ်းအားကို ထပ်စုစည်းလိုက်သည်။

*****

အဝေးမှ နတ်သူငယ်တောအုပ်ထဲတွင် မကောင်းဆိုးဝါးဘုရင်အိုင်နို၊ နတ်သူငယ်ဘုရင်နှင့် တောအုပ်အနက်ပိုင်းမှ သားရဲကောင်ဘုရင်တို့အားလုံးက မောရစ်၏ထူးခြားသောအသံကို သူတို့ခေါင်းထဲ၌ ကြားလိုက်ရသည်။ "ငါ့ ရတနာကို ကာကွယ်ထား။ သူမနည်းနည်းလေးတောင် ထိခိုက်သွားရင် ဒီကုန်းမြေတိုက်ပေါ်က သက်ရှိတွေအကုန်သူမနဲ့အတူ မြေမြှုပ်ခံရမယ်။ သူမက စတူဒီယန်နိုင်ငံတော်ရဲ့ မင်းသမီးဖြစ်ပြီး နတ်သူငယ်တောအုပ်ထဲ ဝင်တော့မယ်။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now