24 (Arc 3)

16.3K 1.6K 112
                                    

"Chengnuo .Xiao Chengnuo "

မီးတောက်ထဲမှ လောင်ကျွမ်းမဲတူးနေသည့်ကားကို မြင်ပြီး Zou Chen ၏ မျက်ဝန်းများ ကျိန်းစပ်လာကာ အရည်နွေးနွေးများက ချက်ချင်းယိုထွက်ချင်လာသည်။

လူလိမ်။လူလိမ်။ မင်း ကိုယ့်ကိုစောင့်နေမယ်ဆို။

သူ မီးတောက်ပြင်းပြင်းထဲသို့ မျက်ဝန်းရဲရဲဖြင့် ရုတ်တရက် ဝင်တိုးမည်ပြုစဉ် အချိန်မှီရောက်လာသော သက်တော်စောင့်က အားပြင်းပြင်းဖြင့် ​ပြန်ဆွဲထားသည်။

ဝန်းရံနေသည် လူအုပ်က ဆူညံနေပြီး သက်တော်စောင့်များလည်း သူကြားအောင် အဆက်မပြတ်ပြောနေသော်လည်း Zou Chen ဘာမှမကြားနိုင်ပေ။ သူ့လူငယ်လေး၊ သူချစ်ရသော လူငယ်လေးက ကားထဲတွင်ကျန်ခဲ့သည်ကိုသာ သူသိသည်။

သူ့အတွက် ဘဝတစ်ခုအသစ်ရရန် မလွယ်ကူသော်လည်း ယခု သူ့နှလုံးသားကို ဆွဲထုတ်ခံရသကဲ့သို့ နာကျင်ကာ ကိုင်းကျသွားသည်။

Zou Chen ရူးလုဆဲဆဲအချိန်တွင် တစ်ယောက်ယောက်က သူ့ကိုခေါ်သံ ကြားလိုက်ရသည်။

"Zou Chen"

အသံလေးက ရေကြည်စမ်းကဲ့သို့ ကြည်လင်ပြီး ရင်းနှီးကာ Zou Chen ငိုပင်ငိုချင်သွားသည်။ သူက ရှုပ်ပွနေသောဆံပင်များဖြင့် ခေါင်းလှည့်လိုက်ကာ ကြည့်သောအခါ အဖြူရောင် ရှပ်အကျီဖြင့် Qing Yun က သူမနက်က ရွေးလာသော ဂျက်ကတ်ကို တံတောင်ကွေးတွင်ချိတ်ကာ သူ့ဘေးတွင်ရပ်နေသည်။

သူလေး အဆင်ပြေသည်။

Zou Chen ကဆွဲထားသည့် သက်တော်စောင့်များထံမှ ရုန်းထွက်ကာ လျှောက်လာသည်။ သူက လက်ဆန့်လိုက်ကာ လူငယ်လေး၏ နွေးထွေးသော ပါးပြင်လေးကို ဖြည်းညှင်းစွာဖြင့် အိပ်မက်တစ်ခုကို ပြေပျက်သွားမှာစိုးရိမ်နေသကဲ့သို့ ထိလိုက်သည်။

"မင်း အဆင်ပြေတယ်။ မင်း အန္တရာယ် ကင်းတယ်။ ဟုတ်တယ်နော်။ " Zou Chen က နူးနူးညံ့ညံ့ မေးလိုက်ပြီး သူ့ရှေ့မှ လူသားက ခေါင်းညှိတ်ပြသည်ကို မြင်သောအခါ သူ့အပေါ် တိုးဝင်သွားပြီးသူ့လက်မောင်းများကြားထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

သူက Qing Yun ၏ မျက်နှာလေးကို လက်ဖဝါးဖြင့် ပွေ့မလိုက်ကာ နက်နက်ရှိုင်းရှိုင်း နမ်းနေသဖြင့် Qing Yun ၏ပါးပေါ်မှာပင် အရာကျန်ခဲ့သည်။ သို့သော် ထိုသို့ပြုလုပ်မှသာ Zou Chen ရင်ထဲမှ နာကျင်မှုကြောင့် အနည်းငယ် သက်သာမည့်ပုံပေါ်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now