46

11.5K 1.5K 231
                                    

သူတို့ ၂ယောက်ကြာမှ အခြေအနေမှာ "ပြေလည်ရုံ" သာရှိသေးသော်လည်း သူတို့၏ ပရိသတ်များမှာ တစ်ယောက်လည်ပင်း တစ်ယောက်ညှစ်ချင်နေကြသည်။

"ကောင်းကင်ကိုပိတ်သိမ်းမယ် "စလွှင့်ကတည်းကပင် ချင်းယွင်က အရူးအမူးပရိသတ်တစ်လှိုင်း ရရှိခဲ့သည်။ ထိုအထဲမှ အများစုမှာ "ကောင်းကင်ကိုပိတ်သိမ်းမယ်" ၏ မူရင်းဝတ္ထုပရိသတ်များဖြစ်သည်။ ချင်းယွင်ပရိသတ်အုပ်စု၏ ဖွဲ့စည်းပုံက တကယ်တမ်း အလွန်ရှုပ်ထွေးသည်။"ကောင်းကင်ကိုပိတ်သိမ်းမယ်"၏ မူရင်းပရိသတ်များသာမက ထောင့်ပေါင်းစုံမှ ရုပ်ရည်ကိုးကွယ်သော ပရိသတ်များလည်း အုပ်လိုက်ကြီးရှိသည်။ နျင်းချန်ယွမ်ဘက်မှ ပရိသတ်တစ်ပိုင်းပင် ပါသေးသည်။

ချင်းယွင်၏ ပရိသတ်အုပ်စုတောင့်လာသည်နှင့် အုပ်စုနာမည်ပေးချင်လာကြသည်။ ချင်းယွင်၏ ဗီဒီယိုအချို့နှင့် ယခုတလော လက်ရာများမှာ တော်ဝင်အငွေ့အသက် ပြည့်နေသည့်အတွက် ပရိသတ်များက သူ့အား "ချင်းဝမ် " ဟု ကင်ပွန်းတပ်ကြသည်။ ထို့ကြောင့် ပရိသတ်အုပ်စုနာမည်ကို "ဝမ်ဖေး " ဟုခေါ်ရန် အကြံပေးကြသည်။ (ချင်းဝမ်-ဘုရင်ချင်း၊ ဝမ်ဖေး-မင်းသမီး)

ထိုအကြံပြုမှုက "အိုက်ဖေး " များဖြစ်သည့် နျင်းချန်ယွမ်၏ ပရိသတ်များကို မထိတထိဖြစ်သွားစေသည်။ (အိုက်ဖေး- ချစ်လှစွာသော ကြင်ယာတော်)

ပုံမှန်အားဖြင့် နျင်းချန်ယွမ် ပရိသတ်များ၏ တိုက်ခိုက်အားမှာ မတောင့်တင်းဘဲ၊ သူတို့ ငါးနှစ်မျှ အနားယူနေခဲ့သော်လည်း၊ ဤငါးနှစ်အတွင်း သူတို့က အတိုင်းအတာမသိရသည့် စွမ်းအားများ စုဆောင်းထားမိပုံပင်။ သူတို့အထိခံရသည်နှင့် ချင်းယွင်နှင့်ပရိသတ်များအား အကုန်လုံးရန်လာဖြစ်တော့သည်။

ချင်းယွင်၏ပရိသတ်များမှာ အားနည်းသော်လည်း သူတို့က နောက်မဆုတ်ပေးချင်ပေ။သူတို့က စီနီယာ ရုပ်ရှင်ဧကရာဇ် နျင်းချန်ယွမ်အား အလုံအလောက်လေးစားမှုပေးပြီးသားဟု ထင်သည်။ သူ့ပရိသတ်များအကြား နျင်းချန်ယွမ်၏ နာမည်ပြောင်က "ဧကရာဇ်"ဖြစ်ပြီး ချင်းယွင်က "ဘုရင်ချင်း"သာဖြစ်သည်။ သူတို့ ဘယ်နေရာ လွန်သွားလို့လဲ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now