103

6.5K 1.3K 57
                                    

"ဂျွိုက် ဘာလို့.." မိန်းကလေး၏ ကန်ချက်က သူ့ကိုလုံးဝမနာကျင်စေကာ သူ၏ရတနာထံမှ တစ်စက္ကန့်မျှပင် မခွာချင်သော်လည်း ခန္ဓာကိုယ်ကို အနောက်ရွှေ့ပေးလိုက်သည်။

ချင်းယွင်က  သူ့ခန္ဓာကိုယ်ကို​သာ စိုက်ကြည့်နေသော ထိုလူ၏မျက်ဝန်းများကိုကြည့်ပြီးနောက် သူ့ရင်ဘတ်ပေါ်မှ 'ရှေးပစ္စည်း'အား ပြန်ငုံ့ကြည့်မိသောအခါ ပိုဒေါသထွက်လာသည်။  "မင်းခေါင်းငုံ့ထား၊ ငါ့ကိုလာမကြည့်နဲ့။"

မိန်းကလေးငယ်၏ ရှင်းမပြနိုင်သော ဇွတ်တရွတ်ဒေါသစကားကို ကြားလိုက်သောအခါ မောရစ်နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုက မပျောက်ကွယ်သွားသေးသော်လည်း ငိုချင်သလိုလို ရယ်ချင်သလိုလိုဖြစ်သွားသည်။ သူလက်ဆန့်ထုတ်ကာ မိန်းကလေး၏လက်မောင်းကိုထိလိုက်သော်လည်း ဂျွိုက်က အပူလောင်သွားသကဲ့သို့ ခြေတစ်လှမ်းနောက်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ချင်းယွင်က သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ "ငါ့ကိုမထိနဲ့။"

မိန်းကလေးက မောရစ်အခုလေးတင် စုပ်ထားသော နှုတ်ခမ်းများအား တင်းတင်းစေ့ထားကာ သူ့ကိုအနားကပ်ခွင့်မပြုချေ။

မောရစ် မွန်းကျပ်သွားသည်။ သူ သူမကို ခြောက်လှန့်မိသွားလား။ သေစမ်း။ လူသားများ၏ ထုံးစံအရ ဤသို့လျင်လျင်မြန်မြန်အဆင့်တက်ခြင်းနှင့် အသားမကျလောက်ပေ။

ချင်းယွင်က သူ့မျက်နှာပေါ်မှ အပူငွေ့ကို လျှော့ချရန် သက်ပြင်းရှိုက်ရှူလိုက်ပြီး ဘေးစောင်းကြည့်၍ အမိန့်ပေးလိုက်သည်။ "ငါ့ကို မြို့ဝန်စံအိမ်ဆီ ပြန်ပို့ပေး။"

ထိုသို့ပြောပြီးနောက် အနားကပ်လာချင်နေသော ထိုယောက်ျားကိုကြည့်ကာ မျက်လုံးပြူးပြူးဖြင့် ထပ်ထည့်ပြောလိုက်သည်။ "မင်း မဟုတ်ဘူး။"

မောရစ်၏ ဆန့်ထားသောလက်က တောင့်တင်းသွားပြီး မြို့ဝန်စံအိမ်သို့ သွားရန်အတွက် ရထားလုံးတစ်စင်းအား အိမ်ထိန်းကို မျက်နှာထားတင်းတင်းဖြင့် ပြင်ခိုင်းလိုက်သည်။

ချင်းယွင်၏ စိတ်အိုက်နေမှုက တိတ်ဆိတ်သောရထားလုံးထဲတွင် ထိုင်လိုက်မှသာ ပြေလျော့သွားသည်။ နောက်ဆုံးတွင်တော့ ရထားလုံးထဲတွင် တစ်ယောက်ထဲ မျက်နှာအုပ်၍ သက်ပြင်းချမိသည်။ ထို့နောက်ကိုယ်လုံးကို ကျုံ့ကာ မျက်နှာနှင့် အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးကို ကျယ်ပြန့်သောစကတ်ပေါ်တွင် အပ်ထားလိုက်ပြီး အနီရဲရဲနားရွက်များသာ ကျန်ရစ်စေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now