5

15K 2K 72
                                    

Nie Chenyuan က စိတ်ရှုပ်ထွေးစွာဖြင့်ပင် Nie မိသားစုအိမ်သို့ ပြန်ခဲ့ပြီး ဧည့်ခန်းကို ဖြတ်ကာ အပေါ်ထပ်သို့ တန်းခနဲ တက်သွားသည်။

သူ့ဘေးမှ  အိမ်အကူအိုကြီးက သူ၏ ပြာများပေနေသော ဖိနပ်နှင့် မီးလောင်ပေါက်များ ရှိသော ဘောင်းဘီကို ကြည့်လိုက်သည်။ သူက ကြင်နာစွာ ပြောလိုက်သည်။ "သခင်လေးရဲ့ အခုအသွင်အပြင်နဲ့ သခင် Qing ကိုသွားမတွေ့တာ ပိုကောင်းပါလိမ့်မယ်။ "

Qing Yun ၌ အသန့်ကြိုက်သော ရောဂါရှိသည်။ Nie Chenyuan ကိုသာ ဤကဲ့သို့တွေ့သွားလျှင် စကားတစ်ခွန်းမျှ မပြောဘဲ ကန်ထုတ်ပစ်မလားပင်။

Nie Chenyuan က ခဏမျှ ရပ်တန့်သွားသော်လည်း မငြင်းဆန်နိုင်ဘဲ အပေါ်ထပ်သို့ ခြေလှမ်းကြဲကြီးများဖြင့် တက်သွားသည်။

အပေါ်ထပ်တွင် Qing Yun တံခါးက ပွင့်နေသည်။

ထို့နောက် သက်တော်စောင့် အချို့က လူဆယ်ယောက်ခန့်ကို သယ်၍ ထွက်လာကြသည်။

သက်တော်စောင့်ခေါင်းဆောင်က Nie Chenyuan ကို တွေ့တွေ့ချင်း အနားကပ်လာပြီး နားထဲသို့ ပြောလိုက်သည်။ " ဒီလူတွေက အရမ်းတော်ပါတယ်။ အကုန်လုံးက နောက်ဆုံး  ေကာင်းကင်ဘုံ ကျင့်ကြံဆင့်ရဲ့ ကြယ်ငါးလုံးရ တိုက်ခိုက်သူတွေချည်းပါပဲ။ ဒါပေမယ့် သခင် Qing ဝင်လာတာနဲ့ သူတို့တွေက အချခံရပြီး ရွေ့တောင် မရွေ့နိုင်လိုက်ကြပါဘူး။ "

၎င်းကို ပြောရင်း သက်တော်စောင့်က မတတ်သာစွာ အစွန်းရောက်သည့် အငွေ့အသက် တစ်ခုကို ဖော်ပြလိုက်သည်။

သူက နောက်ဆုံးကောင်းကင်ဘုံ၏ ငါးဆင့်မြောက် တိုက်ခိုက်သူ အများအပြားကို အနိုင်ယူခဲ့သည်။ ဗဟို ကောင်းကင်ဘုံ ကျင့်ကြံသူ ဟု မျှော်လင့်ထားသည့်အတိုင်းပင်။

Nie Chenyuan ၏ မျက်နှာထားက မဲမှောင်သွားသည်။ ဒီလူတွေ Qing Yun ၏ အခန်းထဲ ဝင်ရောက်နိုင်ခြင်းမှာ Nie မိသားစု၏ ပေါ့ဆမှုကြောင့်ပင်။

" သူတို့တွေက ဘယ်ကလဲ။ "

သက်တော်စောင့်က ခေါင်းခါပြသည်။ " သူတို့တွေ ကိုယ်ပေါ်မှာ ဘာအမှတ်အသားမှ မရှိပါဘူး။ လက်ဗွေရာတွေကိုတောင် ဖျက်ထားပါတယ်။ ကြည့်ရတာ သူတို့တွေက မိသားစု တစ်ခုခုရဲ့ လက်အောက်က အသေခံတပ်သားတွေ ဖြစ်ပုံရပါတယ်။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWo Geschichten leben. Entdecke jetzt