32

9.5K 1.5K 30
                                    

ဒေါက်တာ Ramiel က ဗီဇချပ်ပြားကို ပြည်ထောင်စုဆီေအာင်မြင်စွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီး ပြည်ထောင်စုသားများပေါ် ဝဲနေသောသေဆုံးခြင်းတိမ်စိုင်ကြီးက နောက်ဆုံးတွင်တော့ ကွယ်ပျောက်သွားသည်။

Chris ၏ရန်သူအပေါ် အညံ့ခံသွားရသည့် အမှန်တရားကလည်း ပေါ်ပေါက်သွားပြီး တပ်မ၁မှ စစ်သားများက လူထုအာရုံထဲ ပြန်ရောက်လာသည်။ Chris ကပထမတပ်မ၏ပင်မယာဉ်ကြီးကို မဖောက်ခွဲခင် အာကာသရာဇဝတ်သားများဖြင့် တိတ်တဆိတ် လဲလှယ်ထားကြသည်။

Chris ကပြည်ထောင်စုသားများ၏ ရင်ထဲမှစစ်နတ်ဘုရား ပုံရိပ်ကိုပြန်ရသွားပြီး ဤတာဝန်ကိုပြီးမြောက်မှုကြာင့် ပုံရိပ်ကပိုမိုကြီးမားသွားသည်။

ပြည်ထာင်စုသားများက အကြီးအကျယ် ပျော်ရွှင်နေကြပြီး သူတို့၏ ကာကွယ်ရေးသူတော်စင်ကြီးကို ကြိုဆိုရန်ပြင်ဆင်နေကြသည်။

အာကာသယာဉ်၏ တံခါးပွင့်လာပြီး Chris ပေါ်လာသည်နှင့် အပြင်ဘက်မှအော်သံကျယ်များ ကြားလိုက်ကြရသည်။

သို့သော်စက္ကန့်ဝက်အတွင်းမှာပင် ပြည်ထောင်စုသားလူထုကြီးကလည်ပင်းမှအညှစ်ခံလိုက်ရသကဲ့သို့ အော်သံများ ပြတ်တောက်သွားသည်။ လူတိုင်းက Chris ပွေ့ချီထားသော ပိုးအိမ်ပုံစံ အရာကြီးကို ကြည့်လိုက်ကြသည်။

လူတိုင်းက ထိုအရာနှင့်ရင်းနှီးကြသည်။ ၎င်းက Omega ကို ကာကွယ်သော အဖုံးအကာဖြစ်ပြီး လူထုအုံကြွမှုမဖြစ်စေရန် Omega ၏ဟော်မုန်းနံ့များကို တားဆီးပေးနိုင်သည်။

သို့သော် နှလုံးသားမဲ့သည့် ဗိုလ်ကြီးChris ကheatဝင်နေသော Omega ကိုပွေ့ဖက်ကာ ဆင်းလာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ယာဉ်ကိုလာကြိုသော Lucas က အပေါက်နားရပ်နေပြီး Chris ထွက်လာသည်ကို တွေ့လျင်တွေ့ချင်း နှုတ်ဆက်လိုက်သည်။

"တာဝန်ကျေခဲ့ပါတယ်။ " သူက Chris ကိုအလေးပြုလိုက်ပြီး ငုံ့ကြည့်လိုက်သောအခါ အကာအကွယ်၏ထွင်းဖောက်မြင်နိုင်သော မျက်နှာပြင်မှတစ်ဆင့် အထဲမှ omega ၏ မျက်နှာကို မြင်လိုက်ရသည်။ Jorah ပဲ။

Lucas မျက်မှောင်ကြုတ်လိုက်ပြီး Jorah ကိုလက်လွှဲယူရန် အနားကပ်လာသည်။ "အဲ့ဒါသူလား။ သူက အခက်အခဲဖြစ်စေခဲ့တယ် မဟုတ်လား။ Chris ၊ကျွန်တော့်အတွက်နဲ့ သူ့ကိုကြည့်ရှုစောင့်ရှောက်ဖို့မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပိုပြီးကောင်းမွန်ဖို့ပဲ"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now