88

7.7K 1.5K 140
                                    

ဧကရာဇ်ဟုန်းမျင်ကို မြင်သည်နှင့် နန်းတွင်းသူက ချက်ချင်းထငိုကာ အရှေ့သို့ဆတ်ခနဲ ဝပ်ချလိုက်သည်။ "အရှင်ဧကရာဇ်ကြီး၊ အရှင်ဧကရာဇ်ကြီး ကျေးဇူးပြု၍ ဒီအစေခံကို ချမ်းသာပေးပါ။ ဒီအစေခံပြုလုပ်ခဲ့သမျှ ကိစ္စတွေအားလုံးက ကိုယ်လုပ်တော်ရှု ခိုင်းစေလို့ပါ။ ကျွန်တော်မျိုးမရဲ့ မိသားစုကို သူမထိန်းချုပ်ထားတဲ့အတွက် ကျွန်တော်မျိုးမက သူမရဲ့ခိုင်းစေမှုတွေကို ပြုလုပ်ပေးခဲ့ရတာပါ။ "

ကိုယ်လုပ်တော်ရှု ဟုတ်လား။ ကိုယ်တော်တော်ရှုနဲ့ ဘာတွေသက်ဆိုင်နေတာလဲ။ ဧကရာဇ်ဟုန်းမျင်က အံ့ဩသွားသော်လည်း သူ၏လက်က ခါးမှပိုက်ဆံအိတ်ကိုသာ အလိုအလျောက်ညှစ်မိသည်။သူက နန်းတွင်းသူ၏ ငိုသံကိုလျစ်လျူရှုကာ ချန်းဘင်းအား လေးလေးနက်နက် ကြည့်လိုက်သည်။ "ဒီလူနှစ်ယောက်ကို ခေါ်လာတာ ဘာအဓိပ်ပါယျလဲ။"

ချန်းဘင်းပြန်မဖြေခဲ့ပေ။ ပြဿနာက ကိုယ်လုပ်တော်ရှုနှင့် မင်းသားကြီး၏ မယ်တော်တို့အကြောင်း ဖြစ်သဖြင့် သူကြည့်ရှုနေရန် မသင့်တော်ပေ။ သူက ပြန်ဆုတ်သွားကာ၊ အခန်းအပြင်ဘက်သို့ ထွက်သွားသည်။

နန်းတွင်းသူ၏ စိတ်ကျန်းမာရေးက သိသိသာသာ ပုံမမှန်ဖြစ်နေသည်။သူမက ကြမ်းပြင်ပေါ်တွင် အရူးကဲ့သို့ ဒူးထောက်ကာ ခေါင်းညှိတ်နေသည်။ "ဧကရီက မွန်မြတ်တဲ့အတွက် ဒီအစေခံ မသတ်ချင်ခဲ့ပါဘူး။ ဒါတွေအကုန်လုံးက ကိုယ်လုပ်တော်ရှုရဲ့ အမိန့်ကြောင့်ပါ။ "

ဧကရီ ဟုတ်လား။ နန်းတွင်းသူ၏ ဒွိဟဖြစ်စရာ စကားလုံးများကို ကြားသည်နှင့် ဧကရာဇ်ဟုန်းမျင်၏ မကြည်လင်သော မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ သူက နန်းတွင်းသူဘက်သို့ သွေးဆာနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ လျှောက်သွားသည်။ သူ၏အသက်ရှူသံက အလွန်မြန်နေသဖြင့် ခက်ခဲစွာ စကားပြောရသည်။ "မင်း.... ဘာပြောလိုက်တာလဲ။ ဧကရီက ဘယ်လိုမျိုး နတ်ရွာစံသွားရတာလဲ။ "

သူ၏ ရင်ဘတ်က သိသိသာသာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေရာ ကာင်းမွန်စွာအသက်မရှူနိုင်မှန်း ထင်ရှားသည်။ ထိတ်လန့်သွားသော မိန်းမစိုးဆုက ချက်ချင်းပြေးလာကာ ဧကရာဇ်ဟုန်းမျင်၏ အသက်ရှူခြင်းကို ပြေလျော့စေသည်။ "အရှင် ဧကရာဇ် မစိုးရိမ်ပါနှင့် ၊ စိတ်မစောပါနှင့်။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးحيث تعيش القصص. اكتشف الآن