18

10.8K 1.6K 93
                                    

Xiao မိသားစုမှ ထွက်လာပြီးနောက် Qing Yun က လေအေးများကို ခပ်ပြင်းပြင်းရှိုက်လိုက်ကာ စိတ်ပြေလျော့သွားသည်။

သူ့အမေ Xiao ကိုပြောခဲ့သော စကားများသည် အလိမ်အညာမဟုတ်ပေ။ Xiao မိသားစုက သူ့ကို ထိန်းချုပ်ထားသည်။Xiaoမိသားစုကိုအာရုံစိုက် နေမည့်အစား ထို​နေရာမှ ထွက်ခွာလာခဲ့ခြင်းက Qing Yun ကို ပို၍ကျယ်သော လောကကြီးနှင့် တွေ့ကြုံစေသည်။

Qing Yun သည် Xiao မိသားစုတွင် နေမည်ဟုမစဉ်းစားထားပေ။ ယခု ထွက်ခွာရန် အကြောင်းပြချက် ရသွားခြင်းပင်။

သူက လမ်းမပေါ်တွင် ဖြည်းညှင်းစွာ လျှောက်နေသည်။ သူ၏ ကားကို ပွဲကျင်းပရာနှင့် သိပ်မနီးမဝေး Xiao မိသားစု၏ ကားဂိုထောင်ထဲတွင် ထားခဲ့သည်။သို့သော် သူကပြန်သွားပြီး ကားပြန်ယူရန် စိတ်ကူးမရှိပေ။

သူဘာနည်းနဲ့ပြန်ရလဲ စဉ်းစားေနစဉ်တွင်ပင် ကားတစ်စီးက ဖြည်းဖြည်းချင်း မောင်းလာပြီး Qing Yun ဘေးတွင် ရပ်တန့်သွားသည်။

ကားမှန်အောက်ကျလာပြီး တကယ်ကိုပင် Zou Chen ထပ်ဖြစ်နေသည်။

" ခင်ဗျားပြန်သွားပြီမဟုတ်ဘူးလား။ " Qing Yun ကသူ့ဆီမေးငေါ့ပြလိုက်သည်။ လမ်းမီးရောင်မှိန်မှိန်၏ အောက်မှာပင် သူ၏ လည်တိုင်ပေါ်မှ အနီရောင် အမှတ်အသားများက အကြည့်များကို ဆွဲဆောင်နေသည်။

Zou Chen က ချောင်းတိုးတိုးဆိုးလိုက်ပြီး အကြည့်လွှဲလိုက်သည်။

သူက ကားတံခါးကို ဖွင့်ပေးလိုက်ပြီး ပြောသည်။ " ကိုယ်မင်းကို စိတ်ပူနေလို့ ပြန်လာကြည့်တာ။ "

"Oh! ဒါဆိုခင်ဗျားနောက်ကျတယ်။ " Qing Yun ၏ အသံ ဆန့်ကျင်နေပုံပေါ်သော်လည်း သူက ကားထဲဝင်ရန်တုန့်ဆိုင်းမနေခဲ့ပေ။

Zou Yun က ခါးသီးစွာ ပြုံးလိုက်ပြီး သူ့ကိုတောင်းပန်လိုက်သည်။ "ကိုယ်ဒီနေ့တုန်းက ကမူးရှူးထိုးဖြစ်သွားတယ်။ ဒါပေမယ့် ကိုယ်တကယ် မထိန်းနိုင်ဘူး။ ကိုယ့်ကို နားလည်လား။ "

သူဟာသပြောနေခြင်းမဟုတ်ပေ။ သူ Qing Yun ကိုတွေ့သည်နှင့် သူ့ထိန်းချုပ်နိုင်စွမ်းက ထိုလူငယ်လေးလက်ထဲ ရောက်သွားသလိုပင် ခံစားရသည်။သို့သော် ဘာကထူးခြားနေလဲဆိုလျှင် Zou Chen ကဲ့သို့အချိန်အတော်ကြာ အပေါ်စီးကနေခဲ့သူက ထိုခံစားချက်ကို မငြင်းပယ်ခြင်းပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now