121

7.5K 1.4K 84
                                    

မလိမ်မိုးမလိမ်မ္မာ ဆယ်ကျော်သက်ကောင်လေးအား ဝေ့ချန်းရှုစိုက်ကြည့်ကာ ဆူပူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ စိတ်ပျက်မိသည်။ မျက်နှာပြင်အား သူဘာကြောင့်ခပ်မြင့်မြင့်လုပ်ခဲ့သနည်း။

သို့သော် ကိုယ်ပိုင်းဆိုင်ရာ ထိတွေ့မှုနှင့် နွေးထွေးသောအထိအတွေ့က ဝေ့ချန်းရှု၏ စိတ်ထဲ ချက်ချင်းနေရာယူလိုက်သဖြင့် အခြားအရာများအား မတွေးနိုင်တော့ပေ။

အွန်လိုင်း၌ ဆယ်ကျော်သက်ကောင်လေးနောက်သို့ သူရက်ပေါင်းများစွာ နောက်ယောင်ခံလိုက်ဖူးသော်လည်း၊ မျက်နှာပြင်ခြားကာ ရက်အနည်းငယ် ဖြတ်သန်းဖူးသော်လည်း ကိုယ်ပိုင်လက်များနှင့် ကိုယ်ပိုင်ရင်ခွင်အားသုံး၍ ကောင်လေးကို ထိတွေ့ခံစားဖူးသည်မှာ ဝေ့ချန်းရှုအတွက် ပထမဆုံးအကြိမ်ပင်။

ယခုအချိန်တွင် ဝေ့ချန်းရှု၏ ခန္ဓာကိုယ်ထဲမှ ဆဲလ်တိုင်း ပျော်ရွှင်နေကြပုံပေါ်သည်။

လူငယ်လေး၏ ပါးက သူ့ရင်ဘတ်နှင့်ထိနေသည်။ သူတို့က အလွန်နီးကပ်နေသည်။ နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက်ကြား၌ သောက်မျက်နှာပြင်ကြီး မရှိတော့ချေ။ ဝေ့ချန်းရှုက စိုးရိမ်ပူပန်မှုအားလုံးကို ချောင်ထိုးထားလိုက်သည်။ သူကောင်လေးကိုသာ ချီထားချင်သည်။ သူ့ကလေးကိုသာ ကောင်းကောင်းပွေ့ထားချင်သည်။

သူ့ကလေးလေးအား ရင်ခွင်ထဲပွေ့ထားရင်း ဝေ့ချန်းရှု မျက်ရည်ပူများကျလာသည်။ သူတို့က မျက်နှာပြင်တစ်ချပ်သာ ခြားနေခြင်းမဟုတ်ပဲ အဆုံးမရှိသော ဟင်းလင်းပြင်နှင့်အချိန်တို့ ကွာဝေးနေခဲ့ပုံပေါ်သည်။

ချင်းယွင်က လက်ချောင်းတစ်ချောင်းဆန့်လိုက်ပြီး ထိုယောက်ျား၏ ရင်ဘတ်ကို ဖိလိုက်သည်။ သူက ကိုယ်ကိုအနည်းငယ်နောက်ဆုတ်လိုက်ပြီး ဝေ့ချန်းရှုအား မျက်ခုံးပင့်၍ ကြည့်သည်။ " ကျွန်တော့်ကို အမြဲတားထားရမယ်လို့ ခင်ဗျားကို ဘယ်သူပြောတာလဲ။ ခင်ဗျားက ကိုယ့်ဘာသာကိုယ် အကျဉ်းချထားချင်တာလား။ ဒါမှမဟုတ် ကျွန်တော့်ကို အန္တရာယ်ကောင်လို ဆက်ဆံနေတာလား။"

လူငယ်လေး၏ စကားများကို ကြားပြီးနောက် ဝေ့ချန်းရှု လုံးဝအကူအညီမဲ့သွားသည်။ သူက တကယ်ကို မိုက်မဲလွန်းသဖြင့် ဘာလုပ်ရမည်ကို မသိချေ။ ဤသို့သော စကားများပြောမည်ကို မဆိုထားနှင့်၊ ဆယ်ကျော်သက်ကောင်လေးက မျက်နှာပြင်ပေါ်သို့ ရုတ်တရက်တွယ်တက်လာမည်ဟု ဝေ့ချန်းရှု စိတ်ပင်မကူးဖူးချေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now