27

8.9K 1.4K 43
                                    

"ဟမ့် " Qing Yun ထံမှ တိုးညှင်းသောနှာမှုတ်သံလေးကိုကြားလိုက်ရသည်။ သူက ခေါင်းငုံ့ထားပြီး မျက်ဆန်များက ကျုံ့ဝင်နေသည်။ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် ရှင်းလင်းစွာ မတွေးတောနိုင်သည့်ပုံပေါ်သည်။

သေချာတယ်။

မလွတ်မြောက်နိုင်သော ကံကြမ္မာတစ်ခုကို စစ်သားများက ခံစားနေရပြီး သူတို့၏ ခန္ဓာကိုယ်များရုတ်တရက်ထိုင်ကျသွားသည်။

သူတို့ကို ဆုံးရှုံးမှုကြီးကြီးမားမားကလည်း လွှမ်းခြုံထားသေးသည်။ မည်သူကမျှ ထိုကဲ့သို့သော နှိပ်စက်မှုကို မခံနိုင်ပေ။

ဆယ်ကျော်သက်ကလေးက ရုပ်ပိုင်းဆိုင်ရာ ညှင်းဆဲမှုကို တောင့်ခံနိုင်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို သည်းမခံနိုင်လောက်ပေ။

Apollon ကအံကြိတ်လိုက်ပြီး သူ့ထိုင်ခုံပေါ် ပြန်မှီလိုက်သည်။

Chris က Qing Yun ရှေ့သို့လှမ်းလာပြီး သူ၏ခြေလှမ်းများက မထိန်းချုပ်နိုင်လောက်အောင် လေးလံနေသည်။

မင်း လုပ်သင့်နေပြီ။

မဟုတ်ဘူး။ စောင့်ဦး။ Chris ကသူ့စိတ်ထဲမှ အသံကိုကြားလိုက်ရသည်။

"ဒေါက်တာ Ramiel ဘယ်မှာလဲ။ " Chris ကမျက်လုံးနက်နက်ဖြင့် Qing Yun ကိုသူ၏ ငွေရောင်မျက်လုံးများဖြင့် ကြည့်နေသည်။ ထိုကောင်လေးေဖြသည်နှင့် သူတိုက်ခိုက်တော့မည်ဖြစ်သည်။

"ဒေါက်တာက "

စိတ်ရှုပ်ထွေးနေပုံရသော ကောင်လေးက ရုတ်တရက် ခေါင်းမော့လာကာ သူ့ဆံပင်များ လှုပ်ခတ်သွားသည်။ ညကောင်းကင်ယံမှ ကြယ်များကဲ့သို့ မျက်ဝန်းများက သူတို့၏ တောက်ပမှုကို ပြန်လည်ရရှိသွားသည်။ "ဘာလို့ ကျွန်တော်က ပြောရမှာလဲ။ "

ဆယ်ကျော်သက်ကလေးက အမြန်ပင်လှုပ်ရှားလိုက်ပြီး ထိုလူ၏ ပုခုံးကျယ်များကို ကန်လိုက်သည်။ ၎င်းက Chris ကိုအနည်းငယ်ပင် မရွေ့စေခဲ့သော်လည်း ထိုကောင်လေးကိုယ်တိုင်က ပြန်ကန်ထွက်လာပြီး မထိန်းချုပ်နိုင်စွာ လည်ထွက်သွားသည်။

ဘာတွေဖြစ်နေတာလဲ။

သူ့ကို မထိခိုက်ဘူးလား။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now