91

8K 1.5K 143
                                    

"အုပ်ချုပ်ရေးမှူးကျန်းက အဲ့လောက်ယဉ်ကျေးနေစရာ မလိုပါဘူး။ ချန့်ကျိုးအခြေအနေက ဆိုးရွားနေတဲ့အတွက် ဟန်ကြီးပန်ကြီးတွေ ရေးကြီးခွင့်ကျယ် လုပ်စရာမလိုပါဘူး။" ချင်းယွင်က လိုက်ကာကို မကာ တစ်ချက်ကြည့်လိုက်သည်။ မြို့ဝင်ပေါက်မှ အဖေနှင့်သမီးနှစ်ယောက်သည် တောက်တောက်ပပဝတ်ဆင်ထားပြီး သူတို့၏ မျက်နှာများက ဤကြမ်းတမ်းသောပတ်ဝန်းကျင်မှာပင် နီတျာတျာ ဖြစ်နေသည်။ သူတို့က မြို့အပြင်ဘက်မှ ဘေးဒုက္ခသည်များနှင့် တူညီသောကမ္ဘာတွင် ရှိမနေသည့်ပုံပင်။

ခေါင်းငုံ့ထားသော မိန်းကလေးကို ကြည့်ပြီးနောက် ချင်းယွင်က ဂရုမစိုက်ဟန်ဖြင့် အကြည့်လွှဲလိုက်သည်။ ကြည့်ရသည်မှာ ဤအဖေနှင့်သမီးက မြို့တော်မှ လာသောသူမှာ သာမန်တော်ဝင်သံတမန်မဟုတ်ဘဲ မင်းသားကြီးကိုယ်တိုင်ဖြစ်ကြောင်း မသိသည့်ပုံပင်။ ထိုသို့မဟုတ်လျှင် ဤကျန်းလင်းက သူ့ကိုအခြားတော်ဝင်သံတမန်များအား ဆက်ဆံသကဲ့သို့ ကြိုဆိုမည်မဟုတ်ပေ။ သူက ဗိုလ်ချုပ်ကြီးနှင့်စေ့စပ်ထားသော သူ့သမီးကိုပင် မျက်နှာပန်းပြထားသည်။

ကြီးမြတ်သောယန်တွင် အမျိုးသားနှင့်အမျိုးသမီးကြားမှ ကန့်သတ်ချက်က သိပ်မတင်းကြပ်ပေ။ သို့သော်လည်း လက်မထပ်ရသောအမျိုးသမီးကို လူထုအမြင်အောက် ချပြရန်အတွက် ခွင့်မပြုပေ။ အောင်မြင်မှုနှင့် ချမ်းသာမှုအတွက် ဤကျန်းလင်းက သူ၏သမီး၏ဂုဏ်သတင်းကိုပင် ဂရုမစိုက်ချေ။

ကျန်းလင်းနှင့် သူ၏သမီး ကျန်းလော်ယန်တို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ထူးဆန်းနေသည်။ ပုံမှန်ဆိုလျှင် သံတမန်အားလုံးက ကျန်းလော်ယန်နှင့် ချီယူကြားမှ စေ့စပ်မှုကိုသိရှိနေကြသည်။ သူတို့က ကျန်းလော်ယန်ကိုပင် စကားလုံးအနည်းငယ်ဖြင့် နှုတ်ခွန်းဆက်သကြသေးသည်။ သို့သော် ယခုသံတမန်က အရေးမထားဘဲ အေးစက်စက်တစ်ခွန်းသာ ဆိုလာသည်။

ကျန်းလင်း၏ ရင်ထဲတွင် ကသိကအောက် ခံစားလိုက်ရသော်လည်း ရထားလုံးနှင့် ၎င်း၏အနောက်မှ အစောင့်အကြပ် ငါးယောက်ခြောက်ယောက်မျှကို ကြည့်လိုက်သည်။ ထို့နောက် စိတ်လျှော့လိုက်ကာ နဂိုသံတမန်များနှင့် ဆက်ဆံသကဲ့သို့ ပြောဆိုလိုက်သည်။" လူကြီးမင်းက ခရီးဝေး နှင်လာခဲ့ရမှာပဲ။ ဘာလို့ အရင်အနားမယူတာလဲ။ ဒီအရာရှိရဲ့ အိမ်မှာ စားပွဲသောက်ပွဲ ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြု၍ တက်ရောက်ပါဦး။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now