37

11.3K 1.6K 50
                                    

Qing Yun ၏မောက်မာပုံလေးက သူကောင်းကောင်းပြုမူချိန်ထက် သူတို့အတွက် ဆွဲဆောင်မှုပိုရှိနေသည်။ ထို့အပြင် Qing Yun ကစိတ်ဝိညာဉ်ပြောင်းသွားသဖြင့် သူ့မျက်နှာလေးက ပို၍ချောမောနေသည်။

စောနကသူ ကြိုးကြိုးစားစားပြောခဲ့သော စကားလုံးများက အရာမရောက်တော့သည်ကိုတွေ့ပြီး Bai Xiyan ကမတတ်သာစွာ အံကြိတ်မိလိုက်သည်။ သူက Qing Yun အားပြန်လှည့်ကြည့်ပြီး စိတ်မရှည်သောအသံဖြင့် မေးလိုက်သည်။ "မင်းက ဘာလိုချင်သေးလို့လဲ။ "

သူတို့က ပွဲဦးထွက်ချိန်တူသော်လည်း အစီအစဉ်ကွာခြားသော Bai Xiyan နှင့် Qing Yun တို့က အဆင့်ကွာနေသည်မှာ ကြာပြီဖြစ်သည်။ ကုမ္ပဏီ၏အရင်းအမြစ်များကို Bai Xiyan အပေါ်ပိုပိုသာသာပေးထားသည်။ ထို့ကြောင့် သူက Qing Yun အပေါ် ယဉ်ကျေးနေရန် မလိုပေ။

"သူတို့တွေကို စုစည်းလိုက်ရတာ မင်းအတော်အားစိုက်ထုတ်လိုက်ရမှာပဲနော်။" Qing Yun ကဖြေးဖြေးချင်း တမင်သက်သက်မေးလိုက်သည်။

Bai Xiyan ၏မျက်ဆန်များ ဂဏာမငြိမ်ဖြစ်သွားပြီး ဝန်ခံတာမျိုး၊ ငြင်းဆန်တာမျိုးမလုပ်ဘဲ ဒွိဟဖြစ်ဖွယ်အသံဖြင့် ပြန်ပြောသည်။ "မိုက်မဲလိုက်တာ။ မင်းသူတို့ ၆ယောက်လုံးနဲ့ တစ်ပြိုင်ထဲ ကျီစယ်နေပြီး အခုပြန်အရိုက်ခံရမှာကျတော့ ကြောက်နေတာလား။ ဒီလိုအခြေအနေမျိုးကို မင်းပဲ ဖြစ်စေခဲ့တာလေ။"

"Oh ငါဘာလုပ်မိလို့လဲ။ ငါက ချောမောနေတာကြောင့်လား။ သူတို့ ငါ့ဆီလာပြီး အနိုင်ကျင့်ပါလို့ ငါခေါ်လိုက်မိလို့လား။ သူတို့ ငါ့အိပ်ရာပေါ် တက်လာအောင် ငါဖိအားများ ပေးမိလား။" Qing Yun ကထိုင်ခုံပေါ်မှီချလိုက်ပြီး ထိရောက်စွာပြောကာ အပေါ်ဘက်ချွန်တက်သွားသော မက်မွန်ပွင့်ပုံ မျက်ဝန်းတစ်စုံဖြင့် လူအုပ်အား မေးနေသည်။

ယောက်ျားများ အကုန် နင်သွားသည်။

Qing Yun ပြောသည်က မှန်သည်။ အရင် ချည်းကပ်လာပြီး သူတို့၏ ပေါင်များအား လာဖက်သူက Qing Yun မဟုတ်ပေ။ သူတို့ကသာ သူ့ရုပ်ရည်ကို နှစ်သက်ပြီး လာပိုးကြသူများဖြစ်သည်။ Qing Yun ကသူတို့ကို အခုထိ လက်မခံသေးသော်လည်း သူတို့က သူတို့ဘာသာ အကြပ်ကိုင်မှုများ၊ ဖြားယောင်းမှုများ မြောက်များစွာ လုပ်ခဲ့ကြသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now