65

8.6K 1.4K 143
                                    

သူ့အရှေ့မှ စက်ရုပ်အိမ်အကူက ပြန်မဖြေသောအခါ လူငယ်လေးက မျက်မှောင်ကြုတ်၍ နားမလည်စွာမေးလိုက်သည်။ "ကေ ရေ"

အေဟတ်မှာ အတွေ့အကြုံများသော်လည်း ယခုအခြေအနေကြောင့် ပဟေဠိ ဖြစ်နေဆဲဖြစ်ကာ မည်သို့ပြန်တုံ့ပြန်ရမည်မှန်း မသိပေ။

ထိုအချိန်တွင် စက်ရုပ်၏အတွင်းပိုင်းစက်က ခန္ဓာကိုယ်ကို စကားပြောရန် ညွှန်ကြားပေးလိုက်သည်။ " ညနေပိုင်းမှာ သခင်စီးပွားရေးကိစ္စလုပ်စရာရှိလို့ နောက်ကျတဲ့အထိ ပြန်မလာပါဘူး။ "

'သခင်' ဟူသောစကားလုံး သူ့ပါးစပ်မှ ထွက်လာသောအခါ အေဟတ် ပို၍မပျော်မရွှင်ဖြစ်လာသည်။ သူက ရာထူးအကြီးပိုင်း၌ နေသည်မှာ ကြာပြီဖြစ်သည်။သူက အခြားလူများထံမှ ဘယ်တုန်းက အစေခံကဲ့သို့ ဆက်ဆံခံရသနည်း။

သို့သော် ထိုမကျေမနပ်ဖြစ်မှုက အေဟတ်အရှေ့မှ ကောင်ငယ်လေးအပေါ်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့မိသားစုမှ စက်ရုပ်အိမ်အကူ၏ ရှေ့မှာပင် လူငယ်လေးက ယဉ်ကျေးစွာ ပြောဆိုသည်။ ထိုကဲ့သို့သော စကားသံက ယခုအေဟတ်အား အလွန် ကျေနပ်စေခဲ့သည်။

သူ့ခန္ဓာကိုယ်ထံသို့ ပြန်သွားရန်နည်းလမ်းကို အေဟတ်ခပ်မြန်မြန် တွေးတောနေသည်။ ယခုအခြေအနေက ပရမ်းပတာဖြစ်နေသော်လည်း သူလျင်လျင်မြန်မြန် စိတ်ငြိမ်လာသည်။ သူက ယခုကိုယ်ပေါ်တွင် လုံးဝထိန်းချုပ်မှုမရထားပေ။ အရှေ့မှ ဆယ်ကျော်သက်လေးကို မေးခွန်းအချို့ မေးချင်လျှင်ပင် သူမေး၍မရပေ။

ပြန်သွားရန် မည်သည့်နည်းလမ်းမျှ ရှာမတွေ့သောအခါ အေဟတ်က သူ့ခေါင်းထဲ လက်ခံရရှိလာသော အချက်အလက်များကို အကူအညီမဲ့စွာ စတင်စီစဉ်ရင်း လက်ရှိအခြေအနေကို နားလည်လာသည်။ ထိုအချိန်တွင် သူ့ထိန်းချုပ်မှုအောက်မရှိသော စက်ရုပ်ကိုယ်က စက်အစီအစဉ်အတိုင်း ပြုမူနေသည်။

သူ့အရှေ့မှ လူမည်သူဆိုသည်အား သိပြီးနောက် အေဟတ်ခေတ္တ အံ့ဩမိသေးသည်။ဒါ ယိုဒါ ဒီနေ့သူ့ကို လာပြောတဲ့ ရှန်မင်းရယ် မဟုတ်လား။သူ့သားနဲ့ စေ့စပ်ထားတဲ့ ပက်တာဆန်မိသားစုရဲ့ ဆက်ခံသူမဟုတ်လား။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now