147

7.5K 1K 53
                                    

အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက အဆင့်တက်သည့်လမ်းကြောင်းကို ထိန်းချုပ်ထားသည့်အတွက် ကုန်းမြေတိုက်တစ်ခုလုံးအပေါ် အလွန်အမင်း ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့အပြင် နှစ်သောင်းချီရှင်သန်ခဲ့သော ကျင့်ကြံသူနေထိုင်ခဲ့ရာလိုဏ်ဂူ၏ ဆွဲဆောင်မှုက ပြောရက်စရာပင်မရှိချေ။ အထူးသဖြင့် အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက လျှို့ဝှက်တိမ်တောင်ကြားအား ယခင်ကလေ့လာစူးစမ်းမှုမလုပ်ထားဟု ဝန်ခံထားသည်။

မကောင်းဆိုးဝါး ချင်းယွင်၏ဂုဏ်သတင်းဆိုးက သူ၏အံ့ဖွယ်ဆေးပညာစွမ်းရည်နှင့်တန်းတူပင်။ လျှို့ဝှက်တိမ်တောင်ကြားပွင့်ပါက ရှုပ်ထွေးသောရောဂါအားခံစားနေရသူမည်မျှသည် ထိုအထဲဝင်သွားကာ သူတို့၏ကံအား စမ်းသပ်ချင်သလဲမသိနိုင်ပေ။

ဤတစ်ကြိမ်တွင် လျှို့ဝှက်တိမ်တောင်ကြားသို့ မည်သူသာသွားရောက်နိုင်မည်ဟု ကန့်သတ်ချက်မရှိသော်လည်း အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှထုတ်ပေးထားသော ဖြတ်ပိုင်းရှိသရွေ့ ဝင်နိုင်သည်။ ဖြတ်ပိုင်းပမာဏမှာ အကန့်အသတ်ရှိပြီး ယင်းတို့ထဲမှအများစုမှာ အဓိကဂိုဏ်းကြီးများ၏ လက်ထဲတွင် ရောက်နေကြသည်။

မူလကောင်းကင်ဂိုဏ်းက အလယ်အလတ်အထက်ပိုင်းအဆင့်ဂိုဏ်းဖြစ်ပြီး ဤဖြစ်ရပ်၌ တပည့်ဂိုဏ်းသားနှစ်ဆယ်မျှ ပါဝင်မည်။ နဂိုအတိုင်းဆိုလျှင် ချင်းယွင်၏ဆရာသခင်ဖြစ်သော မိုကျန်းက အဖွဲ့ကိုဦးဆောင်ရမည်ဖြစ်သော်လည်း ထိုကျင့်ကြံသူအိုကြီးက တစ်နေရာသို့ လစ်ပြေးသွားပြီး ချင်းယွင်အားဖြတ်ပိုင်းပေးစဉ်တွင် သူ၏ကိုယ်စားပြုဖြတ်ပိုင်းကိုလည်း ပေးသွားရာ ချင်းယွင်က အဖွဲ့ကို သူ့ကိုယ်စား ဦးဆောင်နိုင်သည်။

ဦးဆောင်သူမရှိသောဂိုဏ်းက အခြားဂိုဏ်းများထံမှ လှောင်ပြောင်ခံရလိမ့်မည်။

မူလကောင်းကင်ဂိုဏ်း၏တပည့်များက သားရဲကောင်၏နောက်ကျောပေါ်သို့ မတက်ရသေးခင်တွင်ပင် လေထဲမှ အဖိုးအိုတစ်ယောက်၏ရယ်သံအားကြားလိုက်ရသည်။ "မင်းတို့က မူလကောင်းကင်ဂိုဏ်းသားတွေမဟုတ်လား။ မင်းတို့ကိုကြည့်ပေးမဲ့ အကြီးအကဲတောင်မရှိဘူး။ မင်းတို့ရဲ့ဂိုဏ်းခေါင်းဆောင်က တော်တော်ပေါ့ဆတာပဲ။ ငါ့မင်းတို့ကို လိုက်ပို့ရမလား။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWo Geschichten leben. Entdecke jetzt